စင်္ကာပူမှာလုပ်ခဲ့တဲ့ ZoukOut ဂီတပွဲတော်

Thursday, December 19, 2013

 ~


 
ပြီးခဲ့တဲ့ သောကြာ စနေ စင်္ကာပူက ZoukOut ဂီတနဲ့အက ပွဲတော်က အင်မတန် စည်ကားခဲ့ပါတယ်။


ပရိသတ် လေးသောင်းတထောင် တက်ရောက်အားပေးခဲ့ပါတယ် တဲ့။

မနှစ်ကထက် လူတထောင် ပိုရောက်လာတယ်ဆိုပါစို့။

ဒီဇင်ဘာ ၁၃ မှာ တသောင်းခွဲ၊ နောက်တနေ့မှာတော့ နှစ်သောင်းခြောက်ထောင် တက်ကြတဲ့ပွဲပါ။

ဒီပွဲ ကျင်းပလာတာ ၁၃ နှစ်ရှိပါပြီ တဲ့။

  အာရှရဲ့ အကြီးဆုံးဂီတပွဲတော်တွေထဲကတခုဖြစ်တဲ့ ဒီပွဲကိုနိုင်ငံတကာ ဂီတသမားတွေ လာရောက်ကြပါတယ်။
လာတဲ့ထဲ ဥရောပ အမေရိက တို့ဘက်က ဒီဂျေသမားတွေအပါအ၀င်ပေါ့။


 ဂူဂဲလ်ရုပ်ပုံရှာစာမျက်နှာမှာ ZoukOut  ဆိုပြီး ရှာလိုက်ရင် အထက်ပါပုံတွေ ကျလာပါလိမ့်မယ်။
ပြီးခဲ့တဲ့ရက်ပိုင်း စင်္ကာပူမှာ ဆောင်းမ၀င်သေးဘူးလို့ ယူဆရပါတယ် - ဘီကီနီဝတ်အမျိုးသမီး၊ အပေါ်ပိုင်းဗလာကျင်းအမျိုးသားတို့ရဲ့ပုံတွေကိုလည်း အများအပြား တွေ့ရပါတယ်။
ကခြင်းနဲ့ ဗလာကျင်းခြင်း ဆိုင်တော့ မဆိုင်ပါဘူး။ သို့သော်လည်း စင်ကာပူ ပင်လယ်ကမ်းခြေမှာလုပ်တဲ့ဒီပွဲမှာ ရေကူးဝတ်စုံတွေ ဝတ်လာကြတာလည်း သဘာဝကျတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

 Sentosa ဘက်က Siloso ကမ်းခြေမှာလုပ်တာပါ တဲ့။
ZoukOut ပါတီလို့လည်း ခေါ်ကြတဲ့ ထင်ရှားတဲ့ဒီပွဲတော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ဓာတ်ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။



















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved