KIO/KIA နှင့် ဆွေးနွေးရန် ညှိနှိုင်းနေဟု အစိုးရ သတင်းထုတ်ပြန်

Friday, February 1, 2013 1 comments



ပြီးသည့် စက်တင်ဘာလ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက် ဆန္ဒပြပွဲ ရန်ကုန်တွင် ကျင်းပစဉ် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
KIO / KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ခြင်း 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၆/၂၀၁၃) 
 ၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် 
  (၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) 

၁။ KIO ဗဟိုကော်မတီမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် ကို သိရှိရသည်။ 

၂။ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့်လည်း အများပြည်သူ လိုလား တောင့်တနေသည့် စစ်မှန်သော ငြိမ်းချမ်းရေး ကို ဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု အလေးအနက် ယုံကြည် ထားသည်။ 

 ၃။ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား ညီနောင် လက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် အခြားသော အဖွဲ့အစည်းများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် KIO / KIA အဖွဲ့တို့ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီ လုပ်ဆောင် ကြိုးပမ်းနေမှုများကို အသိအမှတ်
ပြု  ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်၍ KIO / KIA နှင့် ဆွေးနွေး ပွဲများ စတင်နိုင် ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။ 

သတင်းထုတ်ပြန်ရေးအဖွဲ့  

ဆက်စပ်သတင်း 

KIO နဲ့ အစိုးရ ဆွေးနွေးရေး စားပွဲဝိုင်းပေါ်ရောက်ဖို့ နီးစပ်လာ

KIO သဘောထားထုတ်ပြန်

 

ပြီးသည့် စက်တင်ဘာလ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ မန္တလေးဒေသ လှုပ်ရှားမှု မြင်ကွင်းတခု (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရီယား အနုပညာရှင်များ

0 comments

 ဓာတ်ပုံ- korea starsnews
တောင်ကိုရီယားနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ  နာမည်ကျော် ကိုရီးယား အနုပညာရှင်
တွေနဲ့ ယမန်နေ့ ဇန်န၀ါရီလ ၃၁ ရက်ညပိုင်းက ဆိုးလ်မြို့တော် Westin Chosun ဟိုတယ်မှာ ညစာ အတူ သုံးဆောင်ခဲ့ပါတယ်။ 

သူတို့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ညစာ အတူစားခဲ့တယ်၊ ဓာတ်ပုံ- ယွန်ဟတ်ဘ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာ အတူသုံးဆောင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ မြန်မာ ရုပ်ရှင်ပရိသတ်တွေ အကြိုက် နန်းတွင်း သမားတော် ဇာတ်လမ်းတွဲထဲက ချန်ဂင် လို့ လူသိများတဲ့ လီယောင်အေး ၊ နတ်သမီးနဲ့ လူလိမ် ဇာတ်လမ်း တွဲ ထဲက သရုပ်ဆောင် Ahn Jae-wook၊ နောက်သရုပ်ဆောင် ဆုန်အီကွတ် အပြင် တော်တော်များများ ပါဝင်ကြပါတယ်။ 

 
 ညစာစားပွဲသို့ ၀င်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် 


ဒီဓာတ်ပုံတွေကို မြင်လိုက်တာနဲ့ ဘယ်သူတွေလည်းဆိုတာ မြန်မာရုပ်ရှင်ပရိသတ်လည်း သိနိုင်မှာဖြစ် ပါတယ်။ 


  လီယောင်အေး ( ချန်ဂင်) နဲ့ အတူ 







 သူလည်း ပါတယ်။


ဆက်စပ်သတင်း 


KI0 သဘောထားထုတ်ပြန်

1 comments


 ကေအိုင်အေနှင့် မြန်မာစစ်တပ် အရာရှိတို့ ဆွေးနွေးခဲ့စဉ်၊ ဓာတ်ပုံ- ဧရာဝတီ 
ကချင် လွတ်လပ်ရေး အဖွဲ့ KIO အဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကာကွယ်ရေးဝန်ကြီးဌာနရဲ့  ထုတ်ပြန်ချက်များနှင့် ပတ်သက်လို့ ယနေ့ ဖေဖါဝါရီ ၁ ရက်နေ့မှာ  သဘောထား တခု ထုတ်ပြန်လိုက်
ကြောင်းသိရှိရပါတယ်။

KI0 ရဲ့ သတင်းထုတ်ပြန်ချက်မှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်တွေဟာ ကေအိုအေ အဖွဲ့အား တစ်ဖက်သက် အပြစ်ပုံချထားခြင်း ၊ မြန်မာ့စစ်တပ် ထိုးစစ်တွေရပ်ဆိုင်းပါက ကေအိုင်အို ဘက်မှလည်း ပြဿနာဖြစ်နိုင်မယ့်  စစ်ရေးလှုပ်ရှားမှုတွေ ကို ပြုလုပ်မှာ မဟုတ်ကြောင်း အပါအ၀င် အချက် ၇ ချက်ပါရှိကြောင်းသိရှိရပါတယ်။ 

အထက်ပါကြေငြာချက်တွင်ဖတ်ရှုနိုင်ပါတယ်။



ပြင်သစ်နိုင်ငံသား သတင်းနှင့် ပတ်သက်၍

0 comments

ပြင်သစ်နိုင်ငံသားပြည်နှင်ဒဏ်ပေးမည်ဟူသော သတင်းမှားယွင်းတယ်လို့ ဒီကနေ့ထုတ် အစိုးရသတင်းစာ 
တွေက ဖော်ပြပါတယ်။ 

ငြိမ်းချမ်းရေးအတွက် လိုင်ဇာ ရောက်သည်အထိ လမ်းလျှောက်သူများ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ – ဧရာဝတီ)


ဧရာဝတီသတင်းဌာနက ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို သတင်းယူတဲ့ပြင်သစ်နိုင်ငံသားတဦး ပြည်နှင်ခံရ ဆိုတဲ့ သတင်းကို ရေးသားဖော်ပြခဲ့ပါတယ်။ 

ဒီလိုဖော်ပြရမှာလည်း တောင်ငူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက အရာရှိတွေကို ကိုးကားပြီး ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဖို့ ရန်ကုန်ခေါ်ဆောင်နေပြီဖြစ်တဲ့အကြောင်း အသေးစိတ် သတင်းအချက်အလက်တွေနဲ့ ဇန်န၀ါရီလ ၂၉ ရက် နေ့လည် ၁၂ နာရီကျော် အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ ချက်ချင်းသတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ 

အခင်းဖြစ်ပွားပြီဆိုတာနဲ့ တပြိုင်နက် ဧရာဝတီသတင်းဌာနအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာန ရုံးအဖွဲ့မှူးဦးသိန်းနိုင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း အပါအ၀င် နေပြည်တော်က အရာရှိကြီးများကို အကြိမ် ကြိမ် ဖုန်းဆက်ပြီး မေးမြန်းခဲ့ပေမယ့် "ကျနော်မသိပါဘူး" "ဖြေခွင့်မရှိပါဘူး" "အဘ အစည်းအဝေး တက်နေ ပါတယ်" ဆိုတဲ့ တာဝန်မခံတဲ့ ဖြေဆိုမှုတွေကို သာရရှိခဲ့တာပါ။ 

ဒီအပြင် ဇန်န၀ါရီလ ၃၀ ရက်နေ့ကလည်း သမ္မတ ပြောခွင့် ရသူနဲ့ ဆက်သွယ်ပြီးနောက် သူ့ရဲ့ဖြေကြားခြင်း
တွေကိုလည်း ဧရာဝတီဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။ 


ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ သတင်းယူသူ ပြင်သစ်နိုင်ငံသား ပြည်နှင်ဒဏ်မပေးဟုဆို

ဇန်န၀ါရီ ၃၀၊ ၂၀၁၃

နိုင်ငံတော်သမ္မတ၏ပြောခွင့်ရပုဂ္ဂ
ိုလ် ဦးရဲထွဋ်ကမူ ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့်အတူ လိုက်ပါ သတင်း ယူသူ ပြင်သစ်နိုင်ငံသားMr.Christofa ကို ပြည်နှင်ပေးခြင်းမဟုတ်ဘဲ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်

ဆောင်လာခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကို လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

"သူ့ကို ရန်ကုန်ကို ပြန်ခေါ်လာတာဟုတ်ပါတယ်။ ပြည်နှင်ဒဏ်လည်းမပေးပါဘူး။ သူက လမ်းလျှောက်တဲ့ သူတွေနဲ့အတူ ဓာတ်ပုံတွေဘာတွေရိုက်နေတော့ သတင်းထောက်လား ဆိုပြီး ခေါ်စစ်မေး တယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ လမ်းလျှောက်တဲ့သူတွေနဲ့ လိုင်ဇာထိ ရောက်သွားမယ်ဆိုရင် သူရဲ့ လုံခြုံရေးကို စိုးရိမ်ရတာဖြစ်လို့ ဒီလိုလုပ်တာပါ။ အခု သူ့ကို သံရုံးလွှဲပြောင်းပေးမှာပါ" ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ပြင်သစ်နိုင်ငံသားသည် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဦးရဲထွဋ်က အတည်ပြု ပြောဆိုသည်။

ပြင်သစ်နိုင်ငံသားကို တောင်ငူမြို့နယ် အမေ့အိမ်တည်းခိုခန်းမှ အာဏာပိုင်များက ခေါ်ဆောင်လာစဉ် က ပြည်နှင်ပေးမည်ဟု တောင်ငူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ၀န်ထမ်းအချို့ကဧရာဝတီသို့ ဖြေကြားခဲ့သည်။

ပြင်သစ်နိုင်ငံသားကို တောင်ငူမြို့နယ်လ၀ကဦးစီးအရာရှိဦးစန်းဝင်းနှင့်အတူ အာဏာပိုင်များက ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။



ထိုကဲ့သို့ ဧရာဝတီ သတင်းဌာန အနေနဲ့ ဖော်ပြပေးပြီးနောက် ယနေ့ ထုတ် သတင်းစာမှာ အဆိုပါ သတင်းမှားယွင်းကြောင်း ဖော်ပြလာခြင်းလည်းဖြစ်ပါတယ်။ 

အစိုးရသတင်းမှာလည်း ပြင်သစ်နိုင်ငံသားကို ပြည်ဝင်ဗီဇာပါ စည်းကမ်းချိုးဖောက်ချက်ဖြစ်သည့် အတွက် ပြည်နှင် ဒဏ်ပေး၍ လိုအပ်သောတားမြစ်မှုများ ထပ်ဆင့်ဆောင်ရွက်ရန် ဖြစ်သော် လည်း မြန်မာ နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ချစ်ကြည်ရေးကို အလေးထားပြီး သံရုံးကိုသာ လွှဲပြောင်းတယ် လို့သာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် သတင်းကိုဖော်ပြရမှာလည်း နေ့စဉ်ထုတ်အစိုးရသတင်းစာအနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှသာ ဖော်ပြခြင်းဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံ

5 comments

သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြား တဲ့ ရေဒီယို မိန့်ခွန်းဖြစ်ပါတယ်။ 

 သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီ အစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း

(၁ - ၂ - ၂၀၁၃)

မိဘပြည်သူများခင်ဗျား-

နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့် သင့်တိုင်းဆက်သွယ် ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက် သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတစ်ဆင့် အောက်ခြေအဆင့်ပြည်သူလူထုအားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အ ထည်ဖော် ဆောင်ရွက် လျက်ရှိ ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ 


ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာငွေကြေးဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ လို့ပဲဖြစ် ပါတယ်။ 

လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါး ဟာ သန်းထောင် ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ 

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ တို့ဟာလည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ 

အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေမရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ဟာ (၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့ မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ယခုအခါမှာ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်း လဲရေး ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ 


ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှု ဘဏ်အပါအဝင် နိုင်ငံတကာ ချေးငွေအကူအညီအတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှုများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင် 
ကျော် ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီဆိုတဲ့ သတင်း ကောင်းကို လည်းပြောကြား လိုပါတယ်။ ယခုလို အရေးကြီးတဲ့အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အကူ အညီ များကို ပြန်လည်ရရှိနိုင်ပြီဖြစ်ပါတယ်။

ဒီလိုရရှိနိုင်မယ့် သန်းပေါင်းများစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ် သိက္ခာ ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲ နွမ်းပါး မှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ 


ယခုလိုဆောင်ရွက်ခဲ့ မှုများဟာ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့် အဆင်းရဲဆုံးLDC နိုင်ငံများစာရင်းမှ ရုန်ထွက်နိုင်အောင် ဆောင်ရွက် မည်ဆိုတဲ့ ကိစ္စ ရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့တိုးတက်မှုဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့အ ကျိုး စီးပွား အတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်းအားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်း ခဲ့ပါတယ်။ 


အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံ ဉာဏ်တွေကို နိုင်ငံ တကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီဖြစ်ပါတယ်။ ယခုလည်း လိုအပ် သော ချေးငွေ များကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြု လုပ်ပေး နေပြီဖြစ်ပါ တယ်။ 

တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက် သွားမှာဖြစ် ပါတယ်။ ထိုအတူမွေးမြူရေးကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက် အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူပြည်တွင်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့ ပထမ အကြိမ်မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီးစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ 


ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ လည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့  ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ် ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက်ကြရပါတယ်။ 


ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံ စေမယ့် ကိုယ်ပိုင်အိတ်တစ်လုံးကိုယ်တောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေ အနေမျိုး တွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်းဖိုးနည်း အိမ်ရာ စီမံကိန်း များကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ တခြား ပြည်နယ်နဲ့ တခြား မြို့နယ်များမှာလည်း တန်းဖိုးနည်းအိမ်ရာမျာကို ဆက်လက်ဖော်ဆောင်

သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ်သားအင်အားအများစုဖြစ်တဲ့ တောင်သူ လယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုး စရိတ်အတွက် ပြည့်မီနိုင်ခြင်းမရှိတာကိုသတိပြုမိပါတယ်။ တည်ဆဲဥပဒေများအရ လယ်ယာ မြေပိုင် ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက်မိမိတို့ရဲ့လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများချေးယူစုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

လယ်ယာမြေလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့ လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့် အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်းလုပ်ကိုင်ကြရန်ဖြစ်ပါတယ်။မိမိတို့၏ အဓိက ကုန်ထုတ် အရင်း အနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက်လာရန်လည်း မိမိတို့၏ လယ်မြေများကို

ပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့၏ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက် တည်းမှာပင် လယ်ယာ ကဏ္ဍဍကို ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ တိုးတက်စေမယ့် ခေတ်မီ လယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော် ၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက ကဏ္ဍဍအသီးသီးကနေ အားလုံးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီမိုကရေစီ ဆိုတာ ဟာ ရွေးကောက်ပွဲတွေကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ 


အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ် နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက် လာဖို့လည်း အလွန်အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာအရေးပါတဲ့ အခန်းကဏ္ဍဍမှာရှိခဲ့တဲ့ အရပ်ဘက် လူအဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီမှာပဲ လည်း တာဝန်ရှိ ပါတယ်။ ကျွန်တော်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ် လာစေ ဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်လူ့အဖွဲ့အစည်း များနဲ့ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ 


၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်းသက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့ ကျွန်တော်တို့အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနှင့် လည်း စားပွဲဝိုင်း ဆွေးနွေး မှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံ မှုတွေကနေအစပြုပြီး ပြည်ထောင်စုအဆင့် ၊ ပြည်နယ်၊ တိုင်းဒေ သကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူ လူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး များ အောင်မြင် စေဖို့ အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထားဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။ 


ယခုဖြစ်ပွား နေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွား ရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများအားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူ အညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။ 

သင့်တော်သော နိုင်ငံတကာအဖွဲ့ အစည်းများ နှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာ လည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်း နိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့ အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်း သို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ 

မိမိတို့ ကြိုးပမ်း တည်ဆောက် လျက်ရှိတဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ် ရှလွယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင်ကြိုးပမ်းလုပ်ဆောင်နေ သူများ နဲ့ ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့ တညီ တညွတ်တည်းသဘောထားကြီးကြီးနဲ့ ရုန်ကန်လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှားအောင် မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့် အနေနဲ့ အလေး အနက် ပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက် အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလ အတွင်းမှာ မရဖူးသေတဲ့ အခွင့်အလမ်းတွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့ အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ 


မကြာ ခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက်  မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုး သားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူတစ်ဦးချင်းစီ အနေနဲ့ နိုင်ငံ တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်အပ်တယ်။

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။---

''ရေသည်အသက်" ဆုရဓာတ်ပုံများ

2 comments

                     ပထမဆုရခဲ့တဲ့ ဓာတ်ပုံ

ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ ဒေသတွင်းဆိုင်ရာ စိုက်ပျိုးရေး သုနေသနနှင့် ဘွဲ့လွန်  
လေ့လာရာရေး ဌာန (Southeast Asian Regional Center for Graduate Study and Research in Agriculture – SEARCA) က ကြီးမှူး ကျင်းပတဲ့ “ရေသည်အသက်” လို့ ခေါင်းစဉ်ပေးထားတဲ့ ဓာတ်ပုံ ပြိုင်ပွဲ မှာ မြန်မာနိုင်ငံသား ဓာတ်ပုံဆရာ ၄ ဦး က ထိပ်တန်းဆုတွေ အားလုံးကို ရရှိခဲ့ပါတယ်။ 

“ရေသည်အသက်” ပြိုင်ပွဲမှာ ပထမဆုကို ကိုကျော်ဇော်လေး (မန္တလေး)၊ ဒုတိယဆု ကိုထွန်းအောင် (ရန်ကုန်)၊ တတိယဆု ကျော်ကျော်ဝင်း (ရန်ကုန်) နဲ့ ပရိတ်သတ်အကြိုက် ရွေးချယ်တဲ့ဆုကို သန်းထိုက်စိုး (မန္တလေး) တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ကြောင်း SEARCA အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 



 ဒုတတိယဆု ဓာတ်ပုံ

တတိယဆု ဓာတ်ပုံ








ဆက်စပ်သတင်း

“ရေသည် အသက်” ဆုများ မြန်မာ ဓာတ်ပုံဆရာများ သိမ်းပိုက်

ရေမျက်နှာပြင် နိမ့်ကျလာတဲ့ အင်းလေးကန်

0 comments

~


 ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်၊ ခြောက်သွေ့ရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ဘီလူးချောင်းမှ ရေ၀င်နည်းလာသဖြင့် ကန်ရေမျက်နှာပြင် နိမ့်ကျလာသည်ဟု ဒေသခံတို့က ပြောသည်။

        အင်းလေးကန် မြောက်ဘက် ဒေသအခေါ် မြောက်အင်းဘက်ရှိ ကျေးရွာများတ၀ိုက်တွင် ဗေဒါပင်များ   ဘီလူးချောင်းအတွင်း ရောက်သွားပြီး ပိတ်ဆို့နေသည်ဟု သိရသည်။


ဗေဒါပိတ်ဆို့မှု အများဆုံး - အင်းတန်း ကျေးရွာ  တလျှောက်မှ တုန်ဟုန်း တံတားအထိ။

   တုန်ဟုန်း တံတားအောက်တွင်     ဖြတ်သန်းသွားလာနေသော စက်လှေများထံမှ အလှူခံပြီး ရရှိငွေဖြင့် ဗေဒါပင်များ    ဆယ်ယူခြင်းလုပ်ငန်း လုပ်ဆောင်သော်လည်း     ဗေဒါပင်ပိတ်ဆို့မှု များပြားသဖြင့် မလျော့ကျဘဲ ပိုမို တိုးပွားလာကြောင်း ဒေသခံတို့က ပြောသည်။

 စံကား၊  အင်းတန်း စသည့် ကျေးရွာအုပ်စုများတွင် ဗေဒါပင် ကိုယ်ထူကိုယ်ထ ဆယ်ယူခြင်းကို     ရှေးယခင်ကထက် ပိုမို ပြုလုပ်နေရကြောင်း ဒေသခံရွာသားများက    ပြောသည်။


ဒေသခံတို့ ထပ်မံ ပြောလိုသည့် အချက်များ

၁။ ဘီလူးချောင်း တလျှောက် ပြောင်း ၊ ခရမ်းချဉ် နှင့်     အခြား စိုက်ပျိုးသီးနှံပင်များ တင်ပို့မှု ခက်ခဲနေကြောင်း၊
၂။ စက်လှေများ သွားလာရ ခက်ခဲသဖြင့်  တာခေါင်း    ဘုရားသို့  နိုင်ငံခြားဧည့် ၀င်ရောက်ခြင်း မရှိတော့ကြောင်း၊
၃။             ယခုဖြစ်ပျက်နေသည့် အင်းလေးဒေသခံပြည်သူများ ၏ အခက်အခဲကို အာဏာပိုင်တို့က     ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးလိုကြောင်း ၊
၎။ နှစ်စဉ်    နိုင်ငံတကာအဖွဲ့အစည်းများက အင်းလေးကန်ထိမ်းသိမ်းရန် လှူဒါန်းသည့်    အကူအညီများကို ယခုလိုနေရာမျိုးတွင် သုံးစွဲပေးစေလိုကြောင်း။



 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~




 






















-

လွတ်လပ်ခြင်းအနုပညာပွဲတော်မှာ ဘယ်သူတွေ ဘာဆုတွေ ရလဲ

0 comments

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ဂီတပွဲတော်ဆုပေးပွဲ၊ ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

 လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ဂီတပွဲတော်ဆုပေးပွဲတွင် မိန့်ခွန်းပြောနေသည့် ဦးတင်ဦး ကိုတွေ့ရစဉ် 

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ဂီတပွဲတော်ဆုပေးပွဲတွင် The Best Documentary ဆုရ ရှင်ဒေ၀ီကိုတွေ့ရစဉ်  

 လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ဂီတပွဲတော်ဆုပေးပွဲတွင် The Best Photo Eassyဆုရ ကိုစိုးဇေယျာထွန်း ကိုတွေ့ရစဉ် 

 လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ဂီတပွဲတော်ဆုပေးပွဲတွင် The Best Animation ဆုရ ကိုရဲဝင်းကိုတွေ့ရစဉ် 


 လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ဂီတပွဲတော်ဆုပေးပွဲတွင် ပရိသတ်ပေးသည့် ဆုရကိုထွန်းထွန်းအေးကိုတွေ့ရစဉ် 



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved