YAMAHA MOTOR လည်း မြန်မာမှာ အရောင်း ကုမ္ပဏီ ထောင်မယ်

Monday, August 27, 2012





Yamaha မော်တာ ကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံမှာ မော်တော်ဆိုင်ကယ် ရောင်းချရေး ကုမ္ပဏီ တည်ထောင်မယ် လို့ ကြေ ညာ လိုက်ပါတယ်။ ဒါဟာ မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လာပြီးနောက်ပိုင်း အရှေ့တောင် အာရှ နိုင်ငံတခုမှာ နောက်ထပ် ပထမဆုံး မော်တော် ဆိုင်ကယ် ဖြန့်ချီမယ့် အစီအစဉ်ဖြစ်လာမယ်လို့ ဂျပန် သတင်းဌာန တခုဖြစ်တဲ့ The Yomiuri Shimbun မှာ ဖော်ပြထားပါတယ်။

အာရှဖွံ့ဖြိုးရေး ဘဏ် ( ADB) ရဲ့ ခန့်မှန်းမှု တခုအရ မြန်မာ့စီးပွားရေးဟာ အနာဂါတ်မှာ နှစ်စဉ် ၇ ရာခိုင်နှုန်း ကနေ ၈ ရာခိုင်နှုန်းထိ မြင့်မားလာဖို့ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုလည်း အလယ်အလတ် ၀င်ငွေရှိ လာဖို့မျှော်လင့်ထားပြီး ၂၀၃၀ မှာ ဆိုရင် တဦးချင်း ၀င်ငွေဟာ အမေရိကန် ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ထိ မြင့်မား လာဖွယ်ရှိတယ်ဆိုတာကြောင့် YAMAHA အနေ နဲ့ မော်တော်ဆိုင်ကယ်နဲ့ပတ်သက် လို့ မြန်မာ့ဈေး ကွက် ရဲ့ တောင်းဆိုမှုအလျှင်အမြန်မြင့်မားလာမယ်လို့ ယုံကြည်လို့ အခုလို မြန်မာပြည်မှာ အရောင်းကုမ္ပဏီ လာရောက်ဖွင့်ဖို့ လုပ်တာပါလို့ ဆိုပါတယ်။



ကုမ္ပဏီက ပြောတာတော့ မြန်မာမှာ ကုမ္ပဏီသစ်တခုတည်ထောင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မြန်မာဌာနေ ကိုယ်စားလှယ် ရုံးခန်း တခုဖွင့်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းမယ်လို့ ဆိုပါတယ်။

Yamaha အနေနဲ့ ထိုင်းနဲ့ အင်ဒီနီးရှားက သူ့ရဲ့ စက်ရုံတွေက Scooter အမျိုးအစား မော်တော်ဆိုင်ကယ်တွေကို ထုတ်လုပ် ရောင်းချခဲ့ ပါတယ်။ အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ဆိုင်ကယ်တွေကို လာမယ့် အောက်တိုဘာ လမှာ မြန်မာနိုင်ငံမှာ ဖြန့်ချီ ရောင်းချဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုမ္ပဏီက သူ့တံဆိပ် ခိုင်မာဖို့ ကုမ္ပဏီ ရဲ့ ထွက်ကုန် တွေကို မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ကွန်ရက်အနေနဲ့ လုပ်လိုပါတယ်။



Yamaha က လာမယ့် ၂၀၁၅ ခုနှစ်မှာ ကမ္ဘာတ၀န်း ဆိုင်ကယ်ပမာဏ ၁၀ သန်းထိ ချဲ့ထွက်ရောင်းချနိုင်ဖို့ ရည်မှန်းထား တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အာရုံထားလုပ်နေတယ်ပါတယ်တဲ့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved