အမေနေ့ကျင်းပကြတဲ့ အထင်ကရတချို့

Saturday, January 18, 2014

~


ပြာသိုလပြည့်နေ့က ကျရောက်တဲ့ အမေနေ့ အထိမ်းအမှတ်အဖြစ် ထင်ရှားသူတချို့က  သူတို့မေမေများနဲ့တွဲရိုက်ထားတဲ့ပုံတွေကို အွန်လိုင်းတင်ခဲ့ကြပါတယ်။
 -

 -
အလှမယ် ခင်ဝင့်ဝါနဲ့ သူ့မေမေ

 -
အဲဒီထဲမှာ အလှမယ် ခင်ဝင့်ဝါ၊  သရုပ်ဆောင် နေဒွေးတို့လည်း ပါပါတယ်။

အမေနေ့အမှတ်တရ တင်လိုက်တဲ့ ဒီပုံတွေကို ကြည့်ပြီး သူတို့ရဲ့ အွန်လိုင်းပရိသတ်အများအပြားက ကြည်နူးဖွယ်မှတ်ချက်တွေ ပေးခဲ့တာ တွေ့ရမှာပါ။

အမေနေ့အကြောင်းကို ဘလော့တခု http://satekuupuyar.blogspot.com/2014/01/blog-post_1004.html မှာ ရေးထားတာကလည်း စိတ်ဝင်စားစရာကောင်းပြီး အတော်လေး ပြည့်စုံလှပါတယ်။

မြန်မာပြည်မှာ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်ရေးအတွက် စီစဉ်ခဲ့သူကတော့ စွယ်စုံရအနုပညာရှင်ကြီး ဦးသုခ ဖြစ်ပါတယ်။
ဦးသုခ ကွယ်လွန်သွားတာ ကြာပြီဖြစ်ပေမယ့် အမေနေ့ကို နှစ်စဉ် အမှတ်တရပြုသူ အများအပြားကို တွေ့ရမှာပါ။

ဦးသုခရဲ့ အမှတ်တရဖြစ်ဖွယ် နောက်တခုကတော့ ရန်ကုန် နာရေးကူညီမှုအသင်းကြီးပါပဲ။
ဒီအသင်းကြီးထူထောင်ပြီး လူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ဦးသုခက သရုပ်ဆောင် ကျော်သူကို သြဝါဒ ပေးခဲ့တာပါ။ အခုဆိုရင် ဒီအသင်းကြီးက အင်နဲ့အားနဲ့ လှုပ်ရှားဆောင်ရွက်နေတာကို တွေ့ကြရမှာပါ။ တခြားသောမြို့ကြီးမြို့ငယ်များမှာလည်း အလားတူ လူမှုကူညီရေးအသင်းတွေ ထွက်ပေါ်နေတာကိုလည်း တွေ့နေရပါတယ်။

 ~ စည်သူလင်း

 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved