ခွေးတကောင်ကို ဘတ် ၁၅ သိန်း( မြန်မာကျပ်ငွေ သိန်းပေါင်း ၄၅ဝ ကျော် ) တန်တယ်ဆိုရင် ယုံကြည်နိုင် ပါ့မလား။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ Alaskan Malamute အမျိုးအစား ခွေးကို ဘတ် ၁၅ သိန်းတန်
ကြောင်း ပြသ ထားပါတယ်။
ဒီ Alaskan Malamute ခွေးတန်ကြေးဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့က အသင့်အတင့် ကွန်ဒိုတိုက်ခန်း တခန်း ဈေးပတ်ဝန်းကျင်ဖြစ်နေပါတယ်။
ဒီအပြင် ဒီခွေးတန်ဘိုးဟာ ကား Show Room တွေဖြစ်တဲ့ ချက်ပလက်၊ ဖို့ဒ် စတဲ့ ကျပ် သိန်း ၂ဝဝ ကျော်တန် ကား အသစ် ၂ စီးကျော်ဘိုး တန်ကြေးနဲ့ ညီမျှနေတယ်လို့ ပြောရင်လည်း ရပါတယ်။
ပြသထားတဲ့ Alaskan Malamute ခွေးဟာ အသက် ၁ နှစ် ၆ လ သာ ရှိသေးပြီး သာမန် မြန်မာခွေး
တွေ ထက် ၄ ဆလောက် ကြီး မားပါတယ်။ ဒီခွေးမျိုးဟာ အကောင်ကြီးသလို ခွန်အား ကြီးပြီး နှင်းတော
တွေ ထဲမှာ အမဲလိုက်ဖို့ အသုံးပြုတဲ့ အခါတွေလည်း သုံးလို့ရပါတယ်။
အဲဒီ Alaskan Malamute ခွေးမျိုးဟာ အာတိတ်သမုဒ္ဒရာက Canadian Eskimo ၊ Siberian Husky နဲ့ Samoyed တို့ လို ခွေးမျိုးတွေနဲ့လည်း သဏ္ဍန်အားဖြင့် တူပါတယ်။ ဒါပေမယ့် မျိုးစိတ်အားဖြင့် ကွဲပြားပါ တယ်။
အိမ်မှာမွေးတဲ့အခါ အသိဥာဏ်မြင့်မားတဲ့ ခွေးမျိုး ဖြစ်လို့ သင်ကြားရတာလည်း အလွန်လွယ်ကူသလို အဖော်အဖြစ်လည်း အားကိုးလို့ ရပါတယ်။
ဒီ Alaskan Malamute ခွေးမျိုးရဲ့ သက်တမ်းကလည်း အနည်းဆုံး ၁၆ နှစ်ကနေ ၁၈ နှစ်အထိ ရှိတယ်လို့ သိရပါတယ်။
ဒီခွေးမျိုးတွေရဲ့ ဇာတိက အမေရိကန်ပြည်ထောင်စု အာလစကာ ပြည်နယ် အနောက်ပိုင်းက ဖြစ်ပြီး တချိန်က အက်စကီမိုလူမျိုးတွေကလည်း ဒီခွေး မျိုးကို အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတွေက ဖော်ပြထား ပါတယ်။
အိမ့်သံစဉ် ~
ပြင်ဆင်ချက်၊။ ။ ဘတ်ငွေ ၁၅ သိန်းကို ကာလပေါက်ဈေး မြန်မာငွေကျပ် ပြောင်းလဲဖော်ပြရာ တွင် မှားယွင်ဖော်ပြခဲ့ပါတယ်။ ကျပ်ငွေ သိန်းပေါင်း ၄၅၀ ကျော်သာအမှန်ဖြစ်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment