ကွင်း မှား ဆင်းတဲ့ လေယာဉ်

Tuesday, January 14, 2014


အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုမှာ  Southwest Airlines က ဘိုးရင်း ၇၃၇-၇၀၀ ဟာ လေယာဉ်တစီး ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မစ်ဆူရီပြည်နယ် အနောက်တောင်မှာ ရှိတဲ့ Branson ကို ညဖက်ပိုင်း 
လေယာဉ် ဆင်းသက်ရမယ့် အစား ၇ မိုင်လောက် ကွာဝေးတဲ့ Taney County's M. Graham Clark Downtown လေဆိပ်ကို ကွင်း မှားဆင်းခဲ့ပါတယ်။ 


ခရီးသည် ၁၂၉ ဦး တင်ဆောင်လာတဲ့ အဲဒီ့ လေယာဉ်ဟာ ပြေးလမ်းအဆုံးကနေ ပေ ၅ဝဝ လောက် အကွာ နားမှာ ဘီးချ ဆင်းသက်ခဲ့ တာဖြစ်ပြီး ပြေး လမ်း အဆုံးက ပေ ၅၀၀ အကွာလောက်မှာ ရပ်သွားခဲ့ တာဖြစ် တယ်လို့ အဲဒီလေယာဉ် မှား ပြီး ဆင်းခဲ့တဲ့ လေယာဉ်ကွင်းက မီးသတ်အရာရှိနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဋ္ဌာန မန်နေဂျာတွေကို ကိုးကားပြီး စီအန်အန် သတင်း ဌာနက ဖော်ပြထားပါတယ်။ 

အခုလို ကွင်းမှားဆင်းတဲ့ လေယာဉ်နဲ့ပတ်သက်ပြီး ထိခိုက် အနာတရာ ရသူ တစုံတဦးမှ မရှိဘူးလို့ မနေ့က တနင်္လာနေ့မှာ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ခရီးသည်တွေကလည်း မြေပြင်ပေါ် လေယာဉ်ဆင်းသက် ပြီးနောက်မှ ညှော်နံ့ ရတာ သတိထားမိပြီး ဒီညှော်နံ့ဟာ လေယာဉ်မှူးက ဘရိတ်ကို အတင်းဆွဲထားလို့ ဆိုတာ နောက်မှ ခန့်မှန်းမိတယ်လို့ ခရီးသည် တချို့ က ဆိုပါတယ်။

မှားပြီး ဆင်းခဲ့တဲ့ Taney County လေဆိပ်ဟ ပုံမှန်အားဖြင့် ဂျက်လေယာဉ်အကြီးစားတွေ ပုံမှန်အားဖြင့် ဆင်းသက်လေ့လည်း မရှိပါဘူး။ 

တကယ်တော့ အဲဒီ လေဆိပ်ဟာ တကယ်ဆင်းသက်ရမယ့် ၇၁၄၀ ပေရှည်တဲ့ Branson လေဆိပ်ရဲ့ တဝက်လောက်ပဲ အရှည် ရှိတာပါ။ 

အခုလို ကွင်းမှားဆင်းတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး လေယာဉ်မှူးကိုတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ သိရပါတယ်။



 



အိမ့်သံစဉ် ~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved