မြန်မာကို အကြွေး ခရိုနာ သန်း ၃ ရာနီးပါး ဒိန်းမတ် လျှော်ပေး

Monday, January 13, 2014



ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံက ပေးစရာရှိတဲ့ အကြွေး ခရိုနာ ၂၉၅ သန်းကို လျှော်ပေးလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ အခု ဇန်နဝါရီလ ၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်နဲ့ ဒိန်းမတ် ဖွံ့ဖြိုးရေး ဝန်ကြီး Rasmus Helveg Petersen တို့ တွေ့ဆုံမှု အပြီး အခုလို ကြေညာလိုက်တာ ဖြစ်တယ်လို့ ဒိန်းမတ်အခြေစိုက် ကိုပင်ဟေဂင် ပို့စ် အွန်လိုင်းသတင်းတပုဒ်က ဖော်ပြပါတယ်။ 

 သမ္မတ ဦးသိန်းစိန်နဲ့ ဒိန်းမတ်ဖွံ့ဖြိုးရေး ဝန်ကြီး ပီတာဆန်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- cphpost.dk

“မြန်မာနိုင်ငံသားတွေကို အရေးကြီးတဲ့ သတင်းစကား တခု ဒိန်းမတ်နိုငငံက ပေးနေတာကတော့ တိုင်းပြည် ရဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျနော်တို့ ထောက်ခံ အားပေးတယ်” လို့ ဒိန်းမတ် ဖွံ့ဖြိုးရေး ဝန်ကြီး ပီတာဆန်က မြန်မာအစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီကို ဦးတည်သွားနေတဲ့ ပြုပြင်
ပြောင်း လဲရေး ခြေလှမ်းတွေကို ရည်ညွှန်းပြီး ပြော ဆို လိုက်တာဖြစ်ပါတယ်။

ပြီးတော့ သူက ဆက်ပြောတာမှာတော့ “ကျနော်တို့က အကြွေးတွေကို လျှော်ပေးချိန်မှာ ဒီတိုင်းပြည်မှာ မဖြစ်မနေ အရေး တကြီး လိုအပ်နေတဲ့ လမ်း၊ ကျောင်း၊ လူထု ကျန်းမာရေး ကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အရင်းအမြစ်တွေလည်း လမ်းပွင့် လာတယ်” လို့ ဆိုပါတယ်။ 

ဒိန်းမတ် နိုင်ငံခြားရေးဌာနရဲ့အဆိုအရ အဓိက လျှော်ပေးခဲ့တဲ့ အကြွေးတွေဟာ နှစ်ပေါင်း ၃ဝ သက်တမ်းရှိ အစိုးရရဲ့ အကြွေးတွေ ဖြစ်ပြီး ငါး ရှာဖွေရေး ဒိန်းမတ်သင်္ဘောတွေ ဝယ်ဖို့ အသုံးပြုခဲ့တာဖြစ်တယ်လို့ အဆိုပါ သတင်းက ဆိုပါတယ်။ 

 “အချိန်ကတော့ တန်နေပြီး။ မြန်မာကလည်း သူတို့ရဲ့ ဆင်းရဲတဲ့ နိုင်ငံသားတွေ အကျိုးရှိဖို့ နိုင်ငံရေးပြုပြင်
ပြောင်း လဲမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကို ဆက်လျှောက်ဖို့ လုပ်နေချန်မှာ အကြွေးဟောင်းတွေကို ဆက်ပြီး မဆပ် နိုင်တော့ဘူး။ 

အခုလို အကြွေး လျှော်ပေးလိုက်တာဟာ မြန်မာနဲ့ အခြား ဆင်းရဲတဲ့ နိုင်ငံတွေကို အထောက်အပံ့ပေး ဖို့ ငွေနည်းသွားမယ်လို့ မဆို လိုဘူး” လို့ ပီတာဆန်က ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 




 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved