ကျွဲရိုင်းအချိုရည်ကို ကျွဲရိုင်းပင်ကနေ ခူးလို့ရပြီလား

Tuesday, January 21, 2014

~


လူအများအပြား သောက်သုံးကြတဲ့ ကျွဲရိုင်းအချိုရည် ဘယ်ကရပါသလဲ။
သရက်သီး၊ အုန်းသီးတွေလို အပင်ကနေ ရနိုင်ပါသလား။
 -

 -


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ကြီးမြို့မှာ ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံအရ ဆိုရင်တော့ ကျွဲရိုင်းပင်ဆိုတာ ရှိသလိုလို ဘာလိုလို ဖြစ်နေပါပြီ။

နောက်တာပါ - ဧပြီလ မရောက်သေးပေမယ့် ဧပြီဖူးအရေးအသား ရေးလိုက်ပါတယ်။ ကျွဲရိုင်းဖြစ်ဖြစ် ဘာရိုင်းဖြစ်ဖြစ် အချိုရည်ဘူးမှန်သမျှ စက်ရုံကနေပဲ ထွက်မှာပါ။

လိုရင်း ရေးရရင် ... တောင်ကြီးရောက် ခရီးသည်တွေ၊ ဒေသခံတွေဟာလည်း တခြားသော ဒေသအများအပြားမှာရှိတဲ့သူတွေလိုပါပဲ ... တခုခု စားပြီး သောက်ပြီးတိုင်း စွန့်ပစ်ရမယ့်ပစ္စည်းကို အလွယ်တကူ စွန့်လေ့ရှိပါတယ်။

မြင်ကွင်းအကျည်းတန်စေတဲ့အလေ့အကျင့်တွေဟာ စာသင်ကျောင်းမှာ မသင်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲ၊ ငယ်စဉ်က မလေ့ကျင့်ခဲ့တဲ့နောက်ဆက်တွဲတွေပါပဲ။

ဆိုင်ရာ ဆိုင်ရာများက အမှိုက်ပုံး စီစဉ်ပေးထားခြင်း မရှိတာကြောင့်လည်း အမှိုက်ကို ပစ်ချင်သလို ပစ်ထည့်ကြတယ်လို့ ဆိုရပါမယ်။

အမှိုက်ကို ဘယ်လိုပစ်သင့်တယ် ဆိုတာ လေ့ကျင့်ကြဖို့၊ သင်ကြား ပညာပေးကြဖို့ လိုသလို အမှိုက်ပုံး အမှိုက်ပုံ အလုံအလောက် ရှိဖို့လည်း လိုပါလိမ့်မယ်။ တောင်ကြီးမှာပဲဖြစ်ဖြစ် ရန်ကုန်မန္တလေးမှာပဲဖြစ်ဖြစ် အမှိုက်ပုံးထားရှိမှု အင်မတန့်အင်မတန် အားနည်းနေပါသေးတယ်။

မြို့တော်ဝန်များ၊ စည်ပင်သာယာဌာနများကလည်း ဒီအချက်ကို သဘောပေါက်ကြမယ်လို့ ယူဆရပါတယ်။





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved