ရန်ကုန် အေပီ ရုံးခွဲတာဝန်ရှိသူတွေကို ပြန်ကြားရေး ခေါ်တွေ့

Wednesday, January 22, 2014



ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတချို့ ဟာ ရန်ကုန် အခြေစိုက် အေပီ သတင်းဌာနက တာဝန်ရှိ သူတွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်က ရခိုင် ပြည်နယ် မောင်းတော မြို့က သတင်းနောက်ဆက် တွဲ ဖော်ပြမှု မှားယွင်းတယ် ဆိုပြီး ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။



ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး က ရန်ကုန်အခြေစိုက် အေပီ သတင်းဌာန ရုံးခွဲမှ Ms. Robin Mc Dowell , Mr. Gemunu Amarasinghe နှင့် မအက်စ်သာတို့ ၃ ဦးကို ခေါ် ယူတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

"ထိုသို့တွေ့ဆုံစဉ် ဦးဆောင် ညွှန်ကြားရေးမှူးက ဇန်နဝါရီ ၁၇ ရက် အေပီ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် Myanmar Mob Kills more than a dozen Muslims သတင်း ခေါင်းစဉ်နှင့် သတင်းစာကိုယ်ပါ အသုံး အနှုန်း များသည် အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း၊ ထိုသတင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မလို လား အပ်သည့် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက် စေခဲ့ကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ် အတွင်းတွင် လည်း
ကောင်း၊ မြန်မာနိုင်ငံ၏ အခြားဒေသများ အတွင်းတွင်းလည်း မတူညီသည့် လူ့အသိုက်အဝန်းများ အကြား စိုးရိမ် ပူပန်မှုများ၊ သံသယများl ပိုမို တိုးပွားစေခဲ့ပြီး ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ကို ထိခိုက်စေခဲ့ကြောင်း။ အေပီ၏ ကျင့်ဝတ် စည်းမျဉ်းတွင် အမည် မဖော်ပြသော သတင်း အရင်းအမြစ် များ ကို ကိုးကား အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းများကို သတ်မှတ် ထားပြီ ဖြစ်သော်လည်း အထက်ပါ အချက်များကို လိုက်နာခြင်း မရှိသည်ကို တွေ့ရကြောင်း၊ အေပီ သတင်း ဌာနရုံးခွဲကို မြန်မာ
နိုင်ငံ တွင် အခြေစိုက် ခွင့်ပြုထားခြင်းသည် မှန်ကန် မျှတသော သတင်း အချက်အလက်များ ကို ပေးပို့နိုင် ရန် အတွက် ဖြစ်ကြောင်း၊ သို့သော် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အေပီ သတင်းဌာန အနေဖြင့်ပြည်ထဲ
ရေး ဝန်ကြီးဌာနသို့ လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနသို့ လည်းကောင်း ဆက်သွယ် အတည်
ဲပြုချက် ရယူခြင်း မရှိသည်ကို တွေ့ရကြောင်း။ အေပီ သတင်းဌာန၏ သတင်း ရေးသားမှုကြောင့် ရပ်ရွာ 
အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပါ က အေပီ သတင်းဌာနခွဲတွင် တာဝန်ရှိမည် ဖြစ်ကြောင်းနှင့် အေပီအပါအဝင် သတင်းဌာနများ အနေဖြင့် သတင်းအခြေ အမြစ် ခိုင်မာမှုမရှိဘဲ စာဖတ်သူများ ယုံမှား သံသယ ဖြစ်စေနိုင်သော သတင်းမှားများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ သတင်းများကို ဖော်ပြရေး ကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။" ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ 


အေပီ သတင်းဌာနဘက်ကတော့ အခုထိ အဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်တဲ့ ဖော်ပြချက် မတွေ့ရသေး ပါဘူး။



အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved