မနက်ဖြန်ထွက်မယ့် ဧရာဝတီ ဂျာနယ်

Wednesday, January 8, 2014

 The Irrawaddy အပတ်စဉ်ထုတ်ဂျာနယ် အတွဲ (၁)၊ အမှတ် (၂) နက်ဖြန် ထွက်ပါမယ်။


ဒီတပတ်ထွက် ဧရာဝတီ ဂျာနယ်မှာ တောင်တရုတ်ပင်လယ်စိုးမိုးရေးနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူး ယူလိုက်တဲ့ မြန်မာအကြောင်း၊ စစ်အစိုးရအလွန် ပြုပြင်ပြောင်းလဲရေး လုပ်လာတဲ့ အခု ခေတ်အထိ မြေ သိမ်းမှုတွေ ရှိနေဆဲလား ဆိုတဲ့ သတင်းတွေအပြင် ရတနာအဖြစ်တန်ဘိုးထားတဲ့ ဆင်တွေနဲ့ပတ်သက်ပြီး အကာအကွယ်မဲ့နေတဲ့ တောရိုင်းဆင်တွေအကြောင်းလည်း ပါဝင်ပါတယ်။

ပြုပြင်ပြောင်းလဲရေးနဲ့ အတူ ကမ္ဘာလှည့်ခရီးသွားတွေကတော့ မြန်မာပြည်ဟာ အဆင်သင့်ဖြစ်ဖြစ် မဖြစ်ဖြစ် လာနေကြတဲ့အကြောင်း၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲက တခုဖြစ်တဲ့ မဒေးကျွန်းပေါ်က အနာဂါတ်မဲ့ ဘဝတွေရဲ့ အကြောင်း၊

ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးက လက်ရှိတပ်မတော်ဟာ ပြည်ထောင်စု တပ်မတော်ဖြစ်တယ်လို့ ပြောလိုက်တာ ဘာကြောင့်ပြောသလဲ၊ မြန်မာ အကယ်ဒမီကို မြန်မာတွေကပဲ ဆုံးဖြတ်ရမယ်လို့ ပြောမထားဘူးလို့ ဘယ်သူ က ပြောလိုက်သလဲ စသဖြင့် စသဖြင့် စိတ်ဝင်စားဖွယ် ကဏ္ဍစုံကို မနက်ဖြန် ထွက်မယ့် ဧရာဝတီ အပတ်စဉ် မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ ဂျာနယ်မှာ ဖတ်လို့ ရပါပြီ။



အိမ့်သံစဉ် ~



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved