"တပ်မတော်ကို စည်းရုံးရမယ်"

Wednesday, January 8, 2014


~


အခြေခံဥပဒေပြင်ဆင်ရေး လှုံ့ဆော်တဲ့ခရီးစဉ်အဖြစ်  ချင်းပြည်နယ် တီးတိန်မြို့ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အင်္ဂါနေ့က တွေ့ဆုံပါတယ်။
 


(ဓာတ်ပုံများ - ဇာနည်မာန် / ဧရာဝတီ)

တွေ့ဆုံပွဲမှာ ဒေသခံအားလုံးလိုလိုက အခြေခံဥပဒေပြင်ဆင်ဖို့ကို သဘောတူကြောင်း ဆန္ဒပြုကြကြောင်း အဲဒီခရီးစဉ်နဲ့အတူရှိနေတဲ့ ဧရာဝတီသတင်းထောက်က သတင်းပို့ပါတယ်။

ဒေသခံတချို့ကတော့ ပြင်ဆင်ရေးထက် အသစ် ပြန်ရေးဆွဲဖို့ သဘောထားပေးကြပါတယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည်က တီးတိန်မှာ အင်အား ငါးထောင်ထက်မနည်းတဲ့ ဒေသခံများနဲ့ တွေ့ပါတယ်။

အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ တပ်မတော်ရဲ့ သဘောတူညီမှုရဖို့က အင်မတန် အရေးကြီးတယ်၊ ဒါကြောင့် တပ်မတော်ကို စည်းရုံးရမယ်၊ အခြေခံဥပဒေက တပ်နဲ့ပြည်သူကို ခွဲထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တပ်မတော်ကသာ လူထုရဲ့ဆန္ဒကို လက်ခံရင် နိုင်ငံမှာ အပြောင်းအလဲဖော်ဆောင်ဖို့ လွယ်မယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးလိုလားကြောင်း ပြသရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

  • မူရင်းသတင်း -

Suu Kyi Brings Constitutional Talk to Chin State

http://www.irrawaddy.org/sports/multimedia-sports/suu-kyi-brings-constitutional-talk-chin-state.html
















.

2 comments :

  1. Anonymous said... :

    တပ်​မ​တော်​ကိုစည်းရုံးမှာလား
    လူထုကိုစည်းရုံးမှာလားရှင်း​အောင်​​ပြောပါဗျာ

  1. Anonymous said... :

    ခင်​ဗျားတို့က​ဒေါ်​အောင်​ဆန်းစုကြည်​မ​ကောင်း​ကြောင်းပါရင်​မတင်​​ပေးဘူးလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved