ဂျပန်က မြန်မာ့ ငြိမ်းချမ်းရေးအတွက် ဒေါ်လာ သန်း ၁ဝဝ ကူညီမယ်

Tuesday, January 7, 2014

ဂျပန်နိုင်ငံက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ကူညီမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောလိုက်ပါ တယ်။ 

 မစ္စတာ ဆာဆာကာဝါ (ဘယ်ဘက်) နှင့် ဧရာဝတီသတင်းထောက် စောရန်နိုင်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံ စဉ် (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ)


ဂျပန်သံအမတ်ကြီး မီကိအို နုမတ က တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင် အထည် ဖော်နေတာ တည်ငြိမ်မှု ရလာနေပြီး တိုင်းရင်းသား လူမျိုးစုဒေသတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးဖို့အတွက် အခုလို ဂျပန် ယန်း ၁ဝ ဘီ လျံ ကို မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ် တယ်လို့ ရန်ကုန်ရှိ ချက်ထရီယံဟိုတယ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဂျပန်အစိုးရက ပေးတဲ့ ထောက်ပံ့ကူညီမှုတွေကို အဓိက တာဝန်ခံဆောင်ရွက်ပေးနေသူကတော့ ဆာဆာ ကာဝါ ဖောင်ဒေး ရှင်းရဲ့ အကြီးအကဲလည်းဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စား လှယ် တဦးလည်း ဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါ ဖြစ်ပါတယ်။ 

မစ္စတာ ဆာဆာကာဝါ ကတော့ တိုင်းရင်းသားဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး ဒုက္ခသည်
တွေ၊ နေ ရပ် စွန့်ခွာထွက် ပြေးနေရသူတွေကို ကူညီပေးနေပါတယ်။ 

အခု ဂျပန်အစိုးရပေးတဲ့ အအထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ရေတို ရေရှည် စီမံကိန်းတွေ ချပြီး ပဋိပက္ခဖြစ်နေတဲ့ ဒေသ တွေ က အကူအညီလိုအပ်နေသူတွေကို ဆေးဝါး၊ အစားအစာနဲ့ နေအိမ်၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ အ တွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆာဆာကာဝါ က ပြောသွားပါတယ်။ 

မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်းထဲမှာလည်း ဂျပန်နိုင်ငံထံက ချေးငွေ တချို့ကို သဘော တူ လက်ခံခဲ့တဲ့အကြောင်းတွေ ဂျပန်သတင်းစာမျက်နှာတွေက ဖော်ပြခဲ့ပါသေးတယ်။ 

ဒီအပြင် ကမ္ဘာ့ဘဏ်ကို မြန်မာနိုင်ငံက ပေးဆပ်ဖို့ ရှိနေတဲ့ကြွေးမြီတွေကို ဂျပန်နိုင်ငံက ယာယီ ကြာဝင် ဆပ်ပေးခဲ့လို့ မြန်မာနိုင်ငံဟာ ကမ္ဘာဘဏ်မှာ ကြွေးမြီကင်းရှင်းတဲ့ နိုင်ငံဖြစ်လာကာ ကြွေးမြီသစ်တွေ ချေးယူ ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကြောင့် ဂျပန်နိုင်ငံ က မြန်မာနိုင်ငံကို အကူအညီတွေ ပိုမိုပေးလာပြီး မြန်မာနိုင်ငံရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ 

အခြားသော ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း ဂျပန်နိုင်ငံက တိုးမြင့်လာနေပါတယ်။ 


အိမ့်သံစဉ် ~ 





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved