အမေရိကန်ပြည်ထောင်စု ယူတာ ( Utah ) ပြည်နယ်မှာ ဖွဲ့စည်းပုံနဲ့ မလျော်ညီတဲ့ လိင်တူ လက်ထပ် ထိမ်းမြားမှုကို မကြာသေးခင်ကပဲ ပြည်နယ် ဥပဒေက ထပ်မံ တားမြစ်တဲ့အကြောင်း ဖယ်ဒရယ် တရားသူကြီး က ထုတ်ပြန်အပြီး လိင်တူချစ်သူစုံတွဲ ၉ဝဝ ကျော်ဟာ လက်ထပ်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။
ဓာတ်ပုံ- allvoices.com
ဒီမနက်မှာတော့ အမေရိကန် တရားရုံးချုပ်က လိင်တူ လက်ထပ်မှုကို ရပ်ဆိုင်းခဲ့ပြန်ပါတယ်။
အခုလို တရားရုံးချုပ်က ထပ်မံ တားမြစ်လိုက်တာကြောင့် အမေရိကန်ဟာ တဖက်က အပြည့်အဝ တန်းတူ မှု ရှိတဲ့နေရာ အဖြစ် ရှိနေပြီး နောက်တခုကတော့ အခြေခံ အကျဆုံး အကာအကွယ်မရှိဆုံး နေရာတခု အဖြစ် ၂ မျိုး ဖြစ်နေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
ဒါကြောင့် နောက်ထပ် တရားရုံးတွေမှာ အခု လိင်တူချင်း လက်ထပ်ခွင့် ကန့်သတ်ထားတဲ့ ဥပဒေတွေ ကို ကျော်လွှားသွားနိုင်ဖို့ ဆက်လုပ်ကြမယ်လို့ ဆိုနေကြပါတယ်။
အခုလို ဖြစ်နေတာကြောင့် ယူတာ ပြည်နယ်က လိင်တူချစ်သူတွေနဲ့ သူတို့ရဲ့ ကလေးတွေဟာ အခြား
ပြည်နယ် ၃၂ ပြည် နယ် က သူတို့လို လူတွေလို ဒုတိယတန်းစား နိုင်ငံသားအဖြစ် ခွဲခြားဆက်ဆံခံနေရ သလို ခံစားနေရတယ်လို့ လူ့အခွင့် အ ရေးသမားတွေက ထောက်ပြပြီး ဒီလို ခွဲခြားမှုတွေ အဆုံးသတ်ပြီး တကယ့် စစ်မှန်တဲ့ တန်းတူညီမျှမှု ဆီကို ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ ကြွေးကြော်နေကြပါတယ်။
အိမ့်သံစဉ် ~
.
0 comments :
Post a Comment