အခုတလော ရန်ကုန်မြို့မှာ မီးလောင်းမှုတွေနဲ့ အထိပ်တလန့် ဖြစ်နေရပါတယ်။ ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်(လေ) စစ်သားစုဆောင်းရေး တပ်ဝင်းအတွင်းမှာရှိတဲ့ စက်သုံးဆီ သိုလှောင်ရုံက စတင်ပြီး မီးလောင်ကျွမ်းမှု တခု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ- စိုင်းဇော်(ဧရာဝတီ)
ဆေးကျောင်း မှတ်တိုင်ကြားရှိ ကောင်းလက်ဖက်ရည်ဆိုင် နှင့် တပ်မတော်သူနာပြု အမျိုးသမီးများနေထိုင် ရာသီတာဆောင်သို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရပါတယ်။
ညနေ ၅ နာရီကျော်ကတည်းကလောင်ကျွမ်းခဲ့တဲ့မီးကို ည ၈ နာရီကျော်မှာ မီးသတ်သမားတွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးတွေကိုတော့ ထုတ်ပြန်မှုမရှိသေးပါဘူး။ မျက်မြင် သက်သေတွေရဲ့ ပြောစကားအရ မီးလောင်ကျွမ်းမှုကြောင့် ဆီပေပါတွေဟာ ပေ(၄၀) ပေ(၅၀) အမြင့် အထိပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အခုတလော ရန်ကုန်မှာ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။
0 comments :
Post a Comment