ရှစ်လေးလုံး ၂၅ နှစ်ပြည့် နောက်ဆက်တွဲ သတင်းစာရှင်းလင်းပွဲ

Wednesday, January 8, 2014

~


  ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းမှာ ပါဝင်တဲ့ ဆုံးဖြတ်ချက် ၃ ရပ်ကို အကောင်အထည် ဖော်ရေး နောက်ဆက်တွဲလုပ်ငန်းတွေအတွက် မကြာခင်မှာ ၂ ရက်ကြာ အစည်းအဝေးလုပ်ဖို့ ၈၈ မျိုးဆက်တွေ ပြင်ဆင် စီစဉ်နေကြပါပြီ။

~


ဒီအကြောင်း သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် နေ့ခင်း ၂းဝဝ နာရီမှာ ပြုလုပ်မယ် လို့ စီစဉ်သူများထဲကတဦးဖြစ်တဲ့ ကိုရဲနိုင်အောင်က ပြောပါတယ်။

နေရာကတော့ ရန်ကုန်မြို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးဖြစ်ပါတယ် တဲ့။ 

ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ပြင်ဆင်ညှိနှိုင်းရေးအလုပ်အဖွဲ့က စုစည်းထားချက်တွေအပေါ် အခြေခံပြီး လုပ်ငန်းကော်မတီဖွဲ့မယ့် ၂ ရက်ကြာ စုံညီ အစည်းအဝေးပါ။

ရှစ်လေးလုံးကို ဖြတ်သန်းခဲ့တဲ့ လွှတ်တော်ပြင်ပ ဒီမိုကရေစီ အင်အားစုများ စုဝေးမယ့်ပွဲပါ။ အဲဒီပွဲနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ်။

အပေါ်ပုံကတော့ ရှစ်လေးလုံး ၂၅ နှစ်ပြည့်ကာလမှာ ထုတ်ဝေခဲ့တဲ့ ဧရာဝတီမဂ္ဂဇင်းမျက်နှာဖုံး ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved