ရန်ကုန်လာမယ့် ကိုရီးယား Sistar ပေါ့ပ်အဆိုတော်အဖွဲ့

Wednesday, January 8, 2014


~



 
Sistar ဆိုတဲ့ ကိုရီးယား ပေါ့ပ်အဆိုတော်အဖွဲ့က မြန်မာပြည်မှာ အင်မတန့်အင်မတန် လူသိနည်းပါလိမ့်မယ်။ သို့သော်လည်း သူတို့ရဲ့ စင်မြင့်တင်ဆက်ပွဲတွေစီစဉ်သူများကတော့ ဒီအဖွဲ့ မြန်မာပြည်မှာ
လာရောက်ဖျော်ဖြေရင် အလုပ်ဖြစ်မဖြစ် လေ့လာနေတာ ကြာပါပြီ။



အခုတော့ သူတို့အဖွဲ့ မြန်မာပြည် လာပြီး တင်ဆက်ဖို့ ပိုပြီး နီးစပ်တဲ့ အနေအထားတွေ ရှိနေပါပြီ။
အဲဒါကတော့ ရှေ့လ ၈ ရက်နေ့ ရန်ကုန်မှာ လုပ်မယ့် ကိုရီးယားဂီတပွဲတော်ပဲဖြစ်ပါတယ်။

ကိုရီးယားရုပ်သံဇာတ်လမ်းတွေကို လူကြိုက်များပေမယ့် ကိုရီးယားပေါ့ပ်အဖွဲ့တွေကို ရန်ကုန် ပရိသတ် စိတ်ဝင်စားပါ့မလား။
ပွဲကြည့်ဖို့ လက်မှတ်ဈေးနှုန်းတွေကရော ဘယ်လိုလဲ။

ဒီပွဲဖြစ်မြောက်ရေးအတွက် ရန်ကုန်ကနေ စီစဉ်သူတွေကတော့ ပွဲလက်မှတ်ဈေးနှုန်းတွေကို အများတကာ လက်လှမ်းမီနိုင်တဲ့ အနေအထားဖြစ်စေရမယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။



Sistar ရဲ့ အွန်လိုင်းမှာတော့ ဟောင်ကောင်မှာ လာမယ့် ဧပြီလ ၂ ရက်နေ့ စင်မြင့်ဖျော်ဖြေပွဲအကြောင်း ကြော်ငြာထားပါတယ်။ လက်မှတ်တွေ ကြိုဝယ်နိုင်စေဖို့ ကြော်ငြာထားတာဖြစ်ပါတယ်။ 

သူတို့က ကိုရီးယားလှိုင်းမိနေတဲ့ အာရှမြို့ကြီးတွေကို အခါအားလျော်စွာ သွားရောက်တင်ဆက်လေ့ရှိပါတယ်။ ရန်ကုန်မှာ အမှန်တကယ် ကျင်းပဖြစ်မယ် ဆိုရင်တော့ ဒါဟာ သူတို့ရဲ့ ပထမဆုံးသော မြန်မာပြည် ဖျော်ဖြေရေးခရီးစဉ်ဖြစ်လာပါလိမ့်မယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved