အကယ်ဒမီပွဲမှာ ဗန်းကိုင်ခြင်း

Saturday, January 4, 2014

~


အကယ်ဒမီပေးပွဲကို နိုင်ငံအနှံ့ပရိသတ်အများအပြား စိတ်ဝင်စားကြပါတယ်။  စိတ်ဝင်စားကြတဲ့ပွဲဆိုရင်တော့ ကြော်ငြာတွေဝင်တာ ထုံးစံပါပဲ။ ခေတ်ကလည်း ကြော်ငြာအသားပေးတဲ့ခေတ်မဟုတ်လား။


သရုပ်ဆောင်တွေ ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ကြတဲ့နေရာအပါအ၀င် ကင်မရာမြင်ကွင်းထဲက နေရာ အများအပြားမှာ ကြော်ငြာတွေ တွေ့ရမှာပါ။ ထူးခြားတဲ့ကြော်ငြာကတော့ အလှမယ်တွေကို ကြော်ငြာခြင်းပါ။

ပြီးခဲ့တဲ့ရက်ပိုင်း အကယ်ဒမီပေးပွဲမှာ မည်သူမည်ဝါ အကယ်ဒမီဆုရရှိကြောင်း ဖော်ပြထားတဲ့ စာရွက်/စာအိတ်တင်မယ့် လင်ဗန်းကို အလှမယ် ၈ ဦးတို့ ကိုင်ကြပါတယ်။

ဗန်းကိုင်တဲ့သူတို့ကို ပြိုင်ပွဲတွေဘာတွေလုပ်ပြီး သေချာရွေးချယ်ကြောင်း သတင်းတွေမှာ ဖတ်ရပါတယ်။

မည်သူမည်ဝါဆုရရှိကြောင်း မကြေညာခင် ဗန်းကိုင်များကို ပွဲထုတ်တဲ့အစီအစဉ်ကို တွေ့ရပါမယ်။ ဒါကတော့ ကျော်ပြီးကြည့်လို့ရတဲ့အစီအစဉ် မဟုတ်ပါ။
ဆုကြေညာတာကိုပဲကြည့်လိုသူများအတွက်တော့ ဗန်းကိုင်တွေကိုပွဲထုတ်ခြင်းကို သည်းခံပြီး ကြည့်ကြရမှာပါ။ ဗန်းကိုင်တွေကိုအသားပေးခြင်းနဲ့ ပတ်သက်ပြီး ကာတွန်းဆရာမောင်လင်းရဲ့ ကလိကွက် ပုံဖော်ချက်ကို အထက်ပါအတိုင်း  တွေ့ရပါမယ်။

တချို့အတွက်တော့  ဗန်းကိုင်အလှမယ်များကိုအသားပေးခြင်းအစီအစဉ်က စိတ်အနှောင့်အယှက်ဖြစ်စရာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

သေချာတာကတော့
ဗန်းကိုင်အလှမယ်များဟာ ရုပ်ရှင် ဗီဒီယို မော်ဒယ်လောကထဲဝင်ဖို့ လမ်းစ ရရှိသွားခြင်းပါပဲ။

အကယ်ဒမီပွဲမတိုင်ခင် ရွေးချယ်ပြီးသွားတဲ့ ဗန်းကိုင်အလှမယ်များအကြောင်း၊ ဓာတ်ပုံများ၊ အင်တာဗျူးများကို မြန်မာစာနယ်ဇင်းများမှာ တခမ်းတနား ဖော်ပြခဲ့ကြတာကို တွေ့ ကြရမှာပါ။

ဗန်းကိုင်လှပျိုဖြူများကို ရွေးချယ်ပွဲက ထူးခြားတဲ့ အလှမယ်ရွေးပွဲပါပဲ။
အလှဆုံး အဆင်အပြေဆုံးအဖြစ် တဦးတယောက်တည်းကို ရွေးခြင်း မဟုတ်ဘဲ အများအပြားကို ရွေးချယ်ကြပါတယ်။ ပြီးခဲ့တဲ့လ အကယ်ဒမီပွဲ အခမ်းအနားအတွက်တော့ ၈ ယောက် ရွေးခဲ့ပါတယ်။


ဒီနှစ် ဗန်းကိုင်များရဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။
ဂျေပိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved