ဘယ်သူတွေ Mr. University & Miss University ဖြစ်လာမလဲ

Saturday, January 4, 2014

၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံမှာ Mr. University & Miss University ပြိုင်ပွဲကျင်းပတော့မှာ ဖြစ်ပါတယ်။ 

 မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်က မနှစ်က ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲ မြင်ကွင်းတခု၊ ဓာတ်ပုံ- မြဝတီ

ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံက ကာယ ဗလမောင်နဲ့ ကာယ အလှ မယ် ပြိုင်ပွဲတွေကို သက်ဆိုင်ရာတက္ကသိုလ်နဲ့ ကောလိပ်အသီးသီးမှာ အခု ဇန်နဝါရီလမှာ ကျင်းပမှာ 
ဖြစ်တယ်လို့ ပြန်ကြားရေး စာမျက်နှာက ဖော်ပြထားပါတယ်။ 

ရန်ကုန် တက္ကသိုလ် Mr. University & Miss University ကိုတော့ လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တက္ကသိုလ် စိန်ရတု ခန်းမမှာကျင်းပမှာဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်ကျောင်းတခုစီက အကောင်းဆုံး Mr. University & Miss University ၂ ဦးစီကို ရွေးချယ်မှာဖြစ်တယ်လို့ သိရပါတယ်။ 


လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ မှာပဲ အောက်မြန်မာပြည် တက္ကသိုလ် နဲ့ ကောလိပ်ကျောင်းပေါင်းစုံ Mr. University & Miss University ( ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ်) ပြိုင်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ 


အလှမယ်ပြိုင်ပွဲတွေ ခေတ်စားလာတဲ့ ဒီကာလမှာ တက္ကသိုလ်၊ ကောလိပ်တွေကတဆင့် ကာယဗလမောင်
တွေ နဲ့ အလှမယ်တွေ အစီအရီ နောက်ထပ် ပေါ်ထွက်လာတော့ပါမယ်။ 



အိမ့်သံစဉ် ~ 







 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved