ဖြောင့်ဖြောင့်စင်းစင်း ကိုရိုးကွန့်

Thursday, January 23, 2014



 ~





ကိုရိုးကွန့်ရဲ့ ၀တ္ထုတိုစုစည်းမှုနှစ်ခုက စာဖတ်သူများရဲ့ လက်တကမ်းကို ရောက်လာပါပြီ။
 -


ဒီကနေ့ နေ့ခင်းပိုင်းက တွေ့ရတဲ့ ကိုရိုးကွန့် (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)


  ဖြောင့်ဖြောင့်စင်းစင်းဝတ္ထုတိုများ လို့ အမည်ပေးထားတဲ့ ဒီအုပ်ကို အတွဲ ၁၊ အတွဲ ၂ ဆိုပြီး ထုတ်လိုက်တာပါ။ အဖုံးကတော့ ရုတ်တရက် ကြည့်ရင် အတူတူပါပဲ၊ ၁ နဲ့ ၂ ဆိုတဲ့ ဂဏန်းလေးပဲ ကွဲသွားတာပါ။

အဲဒီ
ဝတ္ထုတိုများစာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း  စာပေလောက ၅  စာအုပ်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးကြည်မင်း (စာရေးဆရာ ကျော်ဇောမင်း) နဲ့ ကိုရိုးကွန့် -
ရသစာပေသမားအဖြစ် ထင်ရှားခဲ့တဲ့  ကိုရိုးကွန့်က အခုတော့ စာနယ်ဇင်းသမား
ဖြစ်နေပါပြီ။ အယ်ဒီတာအလုပ် လုပ်ကိုင်နေရတဲ့အတွက် ရသစာပေဖန်တီးမှုအတွက် အခြေအနေ အများကြီး မပေးနိုင်သေးပါဘူး တဲ့။
 -
စာအုပ်မိတ်ဆက်ပွဲများရဲ့ ထုံးစံအတိုင်း ဒီကနေ့ပွဲမှာ သူ့စာအုပ်သစ်ကို ဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချခဲ့ပါတယ်။

ဖြောင့်ဖြောင့်စင်းစင်းဝတ္ထုတိုများဟာ စာအုပ်ဆိုင်ကြီးတွေကို ရောက်ရှိနေပြီလို့ သိရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved