ဂျပ်စတင်ဘီဘာ မိုင်ယာမီကမ်းခြေမှာ အဖမ်းခံရ

Thursday, January 23, 2014

 ~


အဆိုတော်လေး ဂျပ်စတင်ဘီဘာ ဒီမနက်စောစော မိုင်ယာမီကမ်းခြေမှာ အဖမ်းခံရတယ်လို့ မိုင်ယာမီရဲဌာနက အတည်ပြုကြောင်း နိုင်ငံတကာသတင်းတွေမှာ ရေးထားပါတယ်။ 
 -


မူးယစ်ဆေးသုံးပြီး ကားပြိုင်မောင်းမှုနဲ့ သံသယဖြစ်လို့ ထိန်းသိမ်းထားတာဖြစ်တယ်လို့လည်း သတင်းတွေမှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ရင်းပိုင်း မိုင်ယာမီဝန်းကျင် ဟိုဟိုဒီဒီသွားလာ၊ ဆေးပြင်းလိပ်ခဲနေတဲ့ပုံတွေကို ဒီအဆိုတော်လေးရဲ့ အွန်လိုင်းစာမျက်နှာမှာ တက်တက်လာပါတယ်။

ဒီဖြစ်ရပ်ကတော့ ဆယ်ကျော်သက်အဆိုတော် ဂျပ်စတင်ဘီဘာကို ချစ်သူများအတွက် သတင်းဆိုးကြီးလို့ ဆိုရမှာပါ။

သူ့အကြောင်း ဧရာဝတီဘလော့ပို့စ်တခု http://blog.irrawaddy.org/2013/12/blog-post_4644.html မှာ မကြာသေးခင်က ရေးထားပါသေးတယ်။ အဆိုတော်ဘ၀ကနေ အနားယူဖို့ ပြောဆိုချက်နဲ့ ပတ်သက်တဲ့ ရေးသားချက် ဖြစ်ပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved