အင်္ဂါဂြိုလ်ပေါ် လူသားများနယ်ချဲ့မည်

Saturday, January 4, 2014



အင်္ဂါဂြိုလ် ပေါ်မှာ လူသားတွေ နေထိုင်မယ့် စီမံကိန်းတခုအတွက် လျှောက်လွှာတင်ထားသူ ၂ သိန်းကျော် ထဲက လူ ၁ ထောင်ကျော်ကို ပဏမ အဆင့် ရွေးချယ်ထားပြီး အဲဒီ့ အထဲက ၂၄ ဦးကတော့ ဆန်ကာတင် ရွေးချယ်ခံ ရမှာဖြစ်ပါတယ်။ 


 ကမ္ဘာ့လူသားတွေ သွားနယ်ချဲ့ကြမယ့် အင်္ဂါဂြိုလ်၊ ဓာတ်ပုံ- ၀ီကီပီဒီးယား

၂ဝ၂၅ ခုနှစ်မှာ ဂြိုလ်နီကြီးလို့ လူသိများကြတဲ့ အင်္ဂါဂြိုလ်ပေါ် လူသားတွေ အမြဲတမ်းနေထိုင်ဖို့ ရည်မှန်းချက် ထားခဲ့တဲ့ ဒတ် ခ်ျ လူမျိုး ၂ ဦးက Mars One လို့ အမည်ရတဲ့ စီမံကိန်း တခုကို ၂ဝ၁၁ ခုနှစ်က စီစဉ်ခဲ့တာလို့ ရိုက်တာ သတင်းတပုဒ်က ရေးထားပါတယ်။ 

သူတို့ ၂ ဦးကတော့ ဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားမှုတွေနဲ့ နောက်ဆုံး ရွေးချယ်မှုတွေကို မှတ်တမ်းပြုစုရေး ဆိုင်ရာ ရုပ်မြင်သံကြား စမ်းသပ် ထုတ်လွှင့်မှုတွေအပေါ်မှာလည်း ရင်းနှီးမြှုပ်နှံသူတွေကလည်း ရံပုံငွေ ထည့်ဝင်ကြမယ် လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ 

ကမ္ဘာတဝန်းက အင်္ဂါဂြိုလ်ပေါ် နေထိုင်လိုကြလို့ ပထမအသုပ်ရွေးချယ်ခံရသူ ၁ဝ၅၈ ဦး ရှိရာ အများစုက အမေရိကန်တွေ ဖြစ်ပြီး ၂၉၇ ဦးရှိတယ်၊ ကနေဒါ ၇၅ ဦးနဲ့ အိန္ဒိယ ၆၂ ဦး ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ပဏာမ ရွေးချယ်ခံထားရတဲ့ သူတို့တွေဟာ စမ်းသပ်မှုတွေကို အခု လုပ်ကြရပါတော့မယ်။ 

ဒီစမ်းသပ်မှုတွေထဲမှာ အင်္ဂါဂြိုလ် ပေါ်မှာ သက်တမ်း ဘယ်လောက် နေထိုင်နိုင်မယ်၊ ပြီးတော့ ကမ္ဘာဂြိုလ်နဲ့ ကင်းကွာနေရမှာဖြစ်တာကြောင့် အထီးကျန်ဆန် မှု ကိစ္စတွေကိုလည်း ထည့်တွက်ရမှာဖြစ်တယ်လို့ စီမံကိန်းပူးတွဲ ထူထောင်သူ Bas Lansdorp က ပြောထားပါတယ်။ 

 “အခု လျှောက်ထားတဲ့ လူ ၂ သိန်းကတော့ သူတို့မှာ သီးခြား အခက်အခဲတွေ ရှိနေမှာပါ။ အင်္ဂါဂြိလ်ပေါ်ကို သွားရမယ့် ကမ္ဘာ ဂြိုလ်က လူသား သံတမန်တွေ ဖြစ်လာဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဘယ်လောက်ထိ လိုက်လျော ညီထွေအောင် လုပ်ယူရမလဲဆို တာကတော့ အရင်ကလောက်တော့ သိပ်ပြီး အရေးတကြီးကိစ္စတော့ မဟုတ်လောက်တော့ပါဘူး” လို့ သူက ပြောပါတယ်။

အင်္ဂါဂြိုလ်ဟာ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုလ်နဲ့ နေစင်္ကြာဝဠာထဲမှာပဲ ရှိပြီး ကမ္ဘာကနေ ကီလိုမီတာ သန်းပေါင်း ၅၆ သန်း ကွာဝေးပါတယ်။ မျက်နှာပြင် ဧရိယာ ၁၄၄၇၉၈၅၀၀ စတုရန်း ကီလို မီတာ ရှိကာ ဆွဲအား ၃. ၇၁၁ m/s² ရှိပါတယ်။ 


ဂြိုလ်ရဲ့ အချင်းဝက်ဟာ ကီလိုမီတာ ၃၃၉ဝ ရှိပါတယ်။ ကမ္ဘာဂြိုလ်ရဲ့ တရက်တာဟာ ၃၆၅ ရက်ရှိပြီး အင်္ဂါ ဂြိုလ်ကတော့ ကမ္ဘာဂြိုလ်က ရက်ပေါင်းနဲ့ ရေတွက်ရင် ၆၈၇ ရက် ရှိပြီး အင်္ဂါဂြိုလ် ရက် အရပြောရင် ၆၆၉ ရက် ရှိတယ်လို့ ယူနီဗာ့စ် တူဒေး သတင်းက ဖော်ပြထားပါတယ်။

အခုအစီအစဉ်ဟာ ကမ္ဘာဂြိုလ်ပေါ်က လူသားတွေရဲ့ အင်္ဂါဂြိုလ်ပေါ်မှာ နယ်ချဲ့မယ့် စီမံကိန်းလို့ ပြောရင် မမှားနိုင်ပါဘူး။




အိမ့်သံစဉ် ~ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved