~ရသစာပေ မိုးခေါင်သလို ဖြစ်နေတဲ့ မြန်မာစာပေလောကထဲကို စုံနံ့သာ အမည်ရ စာပေနဲ့အနုပညာမဂ္ဂဇင်း တစောင် ရောက်လို့လာပါပြီ။
နှစ်သစ်နဲ့အတူ ပေါ်ထွက်လာတဲ့ ဒီမဂ္ဂဇင်းမှာ ဝတ္ထုနဲ့ကဗျာအများအပြား၊ စာပေဆောင်းပါးအများအပြားကို တဝကြီး ဖတ်ရပါလိမ့်မယ်။
စာပေနဲ့အနုပညာလောကမှာ နာမည်ရထားသူအများအပြားရဲ့လက်ရာတွေပါပဲ။
ဇာဂနာ စီစဉ်တဲ့ စုံနံ့သာကို ဖန်တီးပုံဖော်တဲ့အယ်ဒီတာများကတော့ ဘုန်းသက်ပိုင်၊ ဇော်လူစိမ်း၊ နေဘုန်းလတ်၊ သူရဿဝါတို့ ဖြစ်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း စုံနံ့သာ မဂ္ဂဇင်းတိုက်မှာပြုလုပ်တဲ့ လစဉ်ထုတ်စုံနံ့သာနဲ့မိတ်ဆက်ပွဲ အစီအစဉ်မှာ လူရွှင်တော်အရိုင်းက သူတို့တတွေ စုံနံ့သာမှာ စုစည်းလုပ်ကိုင်နေကြတာဟာ "အနုပညာဆန်စွာ နိုင်ငံရေးလုပ်ကိုင်ခြင်း" ဖြစ်တယ်လို့ တင်စား ပြောဆိုသွားပါတယ်။
မဂ္ဂဇင်းတအုပ်ဈေးနှုန်းကို ကျပ် ၂,၅ဝဝ လို့ ဖော်ပြထားပါတယ်။
.

0 comments :
Post a Comment