ဘန်ကောက်မှာ အရေးပေါ် အခြေအနေ ကြေညာ

Wednesday, January 22, 2014


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဝန်ကြီးချုပ် ယင်လတ် အစိုးရ ပြုတ်ကျရေး ရက်ပေါင်းများစွာ ဘန်ကောက် မြို့ ပိတ်ဆို့ရေး ဆန္ဒပြမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ယင်းလတ် အစိုးရက မနေ့က အရေးပေါ် အစည်းအဝေး တခုကနေ ရက်ပေါင်း အရေးပေါ် အခြေအနေကြေညာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 


လက်ရှိ ဝန်ကြီးချုပ် ယင်လတ်ဆက်လက်ဦးဆောင်နေတဲ့ အိမ်စောင့် အစိုးရ ရဲ့ ၆ဝ သက်တမ်း ရှိတဲ့ အရေးပေါ် အခြေ အနေဟာ ဒီကနေ့ ဗုဒ္ဓဟူးက စတင် အသက်ဝင်မှာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေ က ဖော်ပြနေကြပါတယ်။ 

အခုလို အရေးပေါ် အခြေအနေထုတ်ပြန်ကြေညာချက်ဟာ လူစုလူဝေးတွေနဲ့ ဘန်ကောက်မြို့ ပိတ်ဆို့ ဆန္ဒပြမှုတွေကို ဟန့်တားနိုင်ဖို့ ထုတ်ပြန်လိုက်တာဖြစ်ပေမယ့် ဘန်ကောက်ခရိုင်အတွင်းက မြို့နယ်တော်
တော် များများမှာ အရှိန်ရနေတဲ့ ဆန္ဒပြသမားတွေကို ဘယ်လောက်ဟန့်တားနိုင်မယ်ဆိုတာ မသေချာ ပါဘူး။ 

နေ့စဉ် ရက်စက် ဆန္ဒပြမှုတွေအတွင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ သေနတ်ပစ်ခတ်မှု၊ ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် ဆန္ဒပြ သမား အနည်းဆုံး လူ ၃ဝ လောက် ဒဏ်ရာရခဲ့ကြပြီး အဲဒီအထဲက တဦး သေဆုံးသွားခဲ့ပါတယ်။ 

အဲဒီနောက် ဆန္ဒပြပွဲတွေအနီး တုတ်၊ ဓား၊ သေနတ်နဲ့ လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။ ဒါပေမယ့် မနေ့က ဆန္ဒပြမှုတွေက အေးအေးဆေးဆေး ဟောပြောကြ၊ ဆန္ဒပြသမားအချင်းချင်း လုံခြုံရေး ယူ ကြနဲ့ ဗုံးလန့်မှုတွေလည်း မရှိခဲ့ပါဘူး။ 
 လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ကျင်းပမယ်လို့ ကြေညာထားချက်ကိုလည်း ယင်လတ်အစိုးရက အောင်

မြင်အောင် အကောင်အထည်ဖော်ဖို့ အားစိုက်လုပ်ဆောင်နေတာတွေလည်း ရှိပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း 
ဒေသ တချို့မှာ ယင်လတ်အစိုးရ ထောက်ခံသူတွေကလည်း ဟောပြောပွဲတွေ ဆက်တိုက် လုပ်လာနေချိန် အခုလို ဘန်ကောက်နဲ့ အနီးတဝိုက်ကို အရေးပေါ် အခြေအနေ ကြေညာဖို့ ဆုံးဖြတ်လာတာဖြစ်တယ်လို့ တချို့ ထိုင်းသတင်းတွေက ပြောနေကြပါတယ်။ 



ဒီကနေ့ ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေနဲ့ အရေးပေါ် အခြေအနေကြေညာချက် တို့ ဘယ်လို အားပြိုင်ကြ မယ်ဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ 


အိမ့်သံစဉ် ~






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved