စံချိန်တင်တဲ့ ဒီနှစ် အမေရိကန် ဆောင်း

Sunday, January 12, 2014

အမေရိကန်ပြည်ထောင်စုရဲ့ အခု နှစ် ဆောင်းရာသီမှာ အအေး လွန်ကဲမှုတွေနဲ့ နှင်းတွေ ထူထပ်စွာ ကျတာကြောင့် လူ သေဆုံးမှု တွေတောင် ဖြစ်ခဲ့တာကြောင့် စံချိန်တင်ခဲ့ရပါတယ်။

 နာဆာ ဂြိုလ်တုက ရိုက်ကူးပြသထားတဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ကမ်း၊

ဇန်နဝါရီလဆန်းပိုင်းမှာ အမေရိကန်ပြည်ထောင်စု နေရာတော်တော်များများမှာ အအေးလွန်ကဲ မှုတွေ၊ နှင်း ထူထပ်စွာ ကျမှု တွေ ကြောင့် အစိုးရရုံးတွေ၊ ကျောင်းတွေ စသဖြင့် ပိတ်ခဲ့ရပြီး လေယာဉ်ခရီးစဉ် တော်
တော် များများကိုလည်း ဖျက်သိမ်း ခဲ့ရ တယ်လို့ အမေရိကန် အွန်လိုင်းသတင်းတွေက ဖော်ပြကြတယ်။

လေယာဉ်ခရီးစဉ်ပေါင်း ၂၄၅၂ ခုကို ပယ်ဖျက်ခဲ့ပြီး ခရီးစဉ် ၄၀၁၂ ခုကို ရွှေ့ဆိုင်းခဲ့တယ်လို့ လေကြောင်း ဆိုင်ရာ လမ်း ကြောင်း ပြ သတိပေး ဌာနဖြစ်တဲ့ FlightAware.com က ဆိုထားပါတယ်။ 

အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ကမ်းမှာလည်း အအေးလွန်ကဲမှုကြောင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးမှု ဖြစ်ပြီး အရှေ့မြောက်ဘက်မှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့မှုတွေ ဖြစ်ခဲ့လို့ အန္တရာယ် ရှိလာတဲ့ အပူချိန်ကျဆင်းမှုတွေကြောင့် အရေးပေါ် အခြေအနေတောင် ကြေညာခဲ့ရတာပါ။ 

မြို့တော် ဝါရှင်တန် ဒီစီ၊ ပို့တ်လန်း၊ မိန်း၊ နယူးယောက် မဟတ်တန်ကျွန်းတွေမှာလည်း နှင်းတွေကျတာ အနည်းဆုံး ၆ လက္ခ ထူပြီး အလက်စကာ အပြင်ဘက် အန်ဘားရပ်စ်တို့ မန်နီဆိုးတာတို့မှာဆို အပူချိန်က အနုတ် ၃၈ Celcius အထိ ရှိ ခဲ့တာကြောင့် အနိမ့်ဆုံး အပူချိန်အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဘော့စတွန်မှာဆိုရင် ၂ဝ၁၄ ခုနှစ်မှာ ပထမဆုံး ဆောင်းမုန်တိုင်းတိုက်ခတ်မှုနဲ့အတူ နှင်းတွေကလည်း ၁၈ လက္ခလောက် ထိ အထူ ရှိခဲ့ပါတယ်။ နယူး အင်္ဂလန်ပြည်နယ်ဘက်မှာဆို နှင်းတွေက ၂ ပေလောက် ထိတောင် အထူ ရှိတယ်လို့ ရိုက်တာ သတင်းတပုဒ်ကလည်း ဆိုပါတယ်။ 

ဒါကြောင့် အမေရိကန်ပြည်ထောင်စု အတွက် ဒီနှစ် ဆောင်း ဟာ အဆိုးဆုံး စာရင်းဝင်ဖြစ်ခဲ့ရတာပါ။ ထူးခြားမှု တခုကတော့ ကနေဒါ နိုင်ငံနဲ့ ကပ်လျှက်မှာ တည်ရှိနေတဲ့ နိုက်ယာဂရာ ရေတံခွန်ကြီးတောင် နှင်း
တွေနဲ့ ဖုံးလွှမ်း ပြီး အေးခဲမှုဖြစ်ခဲ့တာပါ။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသွားတွေလည်း စုပြုံပြီး ရေတံခွန်ကြီးကို သွားကြည့်နေကြပါတယ်။



အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာတဦးကဆိုရင် နှစ်ပေါင်း ၃ဝ ကျော် နေခဲ့တဲ့ သူ့ဘဝ ကာလ တလျှောက် နိုက် ယာဂရာ ရေတံခွန်ကြီး အခုလိုအေးခဲပြီး နှင်းတွေ ဒီလောက် ထူထူထပ်ထပ်ဖြစ်တာမျိုး မမြင်ဖူးဘူးလို့ မှတ်ချက်ပေးထားပါ တယ်။ 

အခုလို အအေးပိုမှုတွေကြောင့် လူတွေဟာ နေအိမ်တွေထဲမှာပဲ အနေများကြပြီး လမ်း၊ တံတားနဲ့ မီးရထား အလုပ်သမား တွေ ကတော့ မိုးလင်းတာနဲ့ နှင်းလမ်းရှင်းတဲ့ အလုပ်တွေနဲ့ နေ့စဉ်ရက်ဆက် မနားကြရဘူးလို့ တချို့သတင်းတွေမှာ တွေ့ ရပါတယ်။ 

အိုးမဲ့ အိမ်မဲ့ အမေရိကန်တွေအတွက် အကူအညီပေးဖို့ လုပ်ငန်းတွေ ၂ ဆလောက် တိုးမြှင့်ထားလိုက် တယ်လို့ လည်း ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

နယူးယောက်မြို့ အိုအိမ်မဲ့ ကူညီကယ်ဆယ်ရေး ဋ္ဌာနက ဆိုရင် လမ်းတွေမှာ ကင်းလှည့်တဲ့ ကား အရေ အတွက်ကို ၂ ဆ တိုးပြီး အိုးမဲ့ အိမ်မဲ့လူတွေကို တွေ့တာနဲ့ သူတို့အတွက် အမိုး၊ အကာကို ချက်ခြင်း စီစဉ်ပေးနေတယ်လို့ ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved