မောင်တောမြို့သတင်း အစိုးရရှင်းပြီ

Friday, January 17, 2014

~


  ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဘင်္ဂါလီတချို့ သတ်ဖြတ်ခံရတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ကို ဒီကနေ့ သောကြာနေ့ ညဘက် ၇ နာရီသတင်းမှာ ထုတ်လွှင့်မယ် လို့ သမ္မတရဲ့ ပြောခွင့်ရ အရာရှိ ဦးရဲထွဋ်က ပြောပါတယ်။




အဲဒီဖြေရှင်းချက်ကို မနက်ဖြန်မနက် ဈေးကွက်ထဲရောက်မယ့် အစိုးရသတင်းစာများမှာလည်း ဖော်ပြဖွယ်ရှိပါတယ်။

မောင်တောမှာ သေဆုံးမှုတွေ ရှိတယ် ဆိုတဲ့ သတင်းရေးသားချက်တွေက ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောဆိုချက်တွေကို ကိုးကား ရေးသားထားတာပါ။
တချို့ကတော့ အဲဒီအဖွဲ့ကိုပဲ ကိုးကားရေးသားသလို တချို့သတင်းတွေမှာတော့ မတူကွဲပြားတဲ့ သတင်းရင်းမြစ်တွေရဲ့ အသံတွေကိုလည်း ထည့်ထားတာ တွေ့ရမှာဖြစ်ပါတယ်။

  • ဆက်စပ်

မောင်တောမြို့ပဋိပက္ခနောက်ဆက်တွဲ 

http://blog.irrawaddy.org/2014/01/blog-post_1759.html
 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved