မြန်မာ e-Book နှစ်သောင်းလောက် အွန်လိုင်းထဲရောက်နေပါတယ်

Thursday, January 2, 2014


စာပေဗိမာန်မှ eBook ၂ သောင်းလောက်ကို အင်တာနက်အွန်လိုင်းကနေ ဖတ်နိုင်ပါတော့မယ်။ 



စာပေဗိမာန်က e-Book ၁ သောင်း ၃ ထောင်နဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးက e-Book ၅ ထောင် ဖြစ်ပြီး Mini eLibrary က ၂ ထောင်နီးပါးတို့ဟာ ဝိုင်ဖိုင်တပ်ဆင်ပြီးသွားရင် အင်တာနက် အွန်လိုင်းက တဆင့် ကွန် ပျူတာတွေ၊ စမတ်ဖုန်းတွေ၊ Tablets တွေကနေ အလွယ်တကူ ဒေါင်းလုပ် လုပ်ပြီး ဖတ်နိုင်ပြီဖြစ်တယ်လို့ ပြန်/ ဆက် အရာရှိတဦးကို ကိုးကားပြီး ကြေးမုံ သတင်းစာ စာမျက်နှာ က ဖော်ပြထားပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံက အင်တာနက် မြန်နှုန်း နှေးကွေးမှုကြောင့် e-Book စာအုပ်တွေကို အလွယ်တကူ ဖတ် နိုင်မယ်၊ မ ဖတ်နိုင်ဘူးဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။ 

e-Book စာအုပ်တွေကို အလွယ်တကူ ဖတ်နိုင်ဖို့ ဘယ်လောက်ထိ စီမံဆောင်ရွက်ထားတယ်ဆိုတာတော့ 
သေချာ မသိရသေးပါဘူး။ 

နိုင်ငံတကာ စာကြည့်တိုက်တွေမှာတော့ အင်တာနက် အွန်လိုင်း လိပ်စာတွေ ကိုယ်စီရှိပြီး e-Book တွေကို အ ချိန် မရွေး အလွယ်တကူ ဖတ်နိုင်ပါတယ်။ 

ဒီအပြင် နိုင်ငံတကာ စာကြည့်တိုက်တွေက သုတေသန လုပ်လိုသူတွေအတွက်လည်း အွန်လိုင်း ဝန်ဆောင် မှု ကောင်းကြပြီး လေ့လာလိုသူတွေအတွက် အလွန်အဆင်ပြေအောင် ဖန်တီးထားကြတာပါ။ 

မြန်မာနိုင်ငံအနေနဲ့ အခု ပွင့်လင်းစ ပြုလာတာနဲ့အမျှ အင်တာနက် အွန်လိုင်း ဝန်ဆောင်မှုတွေကို မြန်နှုန်း
မြင့် လုပ်ဆောင်မယ်လို့ အစိုးရ က ကြွေးကြော်နေပေမယ့် အခုထိကတော့ အားနည်းချက်တွေ အများကြီး ရှိနေပါ သေးတယ်။ 


အိမ့်သံစဉ် ~ 





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved