ရည်းစားဟောင်းပုံကို အွန်လိုင်းတင်တဲ့ ဂျက်စတင်ဘီဘာ

Tuesday, January 7, 2014

~


နာမည်ကျော်အဆိုတော်လေး ဂျပ်စတင်ဘီဘာက အသံသွင်းစတူဒီယိုထဲရိုက်ထားတဲ့ပုံကို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ တင်လိုက်ပါပြီ။

 



တင်လိုက်တဲ့အတွက် သူ အဆိုတော်ဘ၀က အနားယူမယ် မယူဘူး ဆိုတဲ့ ပြောဆိုခန့်မှန်းတာတွေအတွက် ကုန်ကြမ်းရသွားပါလိမ့်မယ်။

အဆိုတော်လေးက တွစ်တာစာမျက်နှာမှာလည်း ဒီပုံ တင်ပါသေးတယ်။

အဲဒီပုံက နှစ်သစ်ကူးနေ့ ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ အသံသွင်းတုန်း ရိုက်ထားတာလို့ သတင်းတပုဒ်က ဆိုပါတယ်။

အဆိုတော်ဘ၀ကနေ နားတော့မယ် ဆိုပြီး ရေဒီယိုအင်တာဗျူးတခုမှာ သူက ပြောခဲ့ပြီးနောက်ပိုင်းမှာ ဒီသတင်း တောမီးပမာ နိုင်ငံတကာကို ပျံ့သွား၊ သူ့ကို စောင့်ကြည့်တာတွေ ပိုများလာတာပါ။ နားတော့မယ် ဆိုတဲ့အကြောင်း ခရစ်စမတ်နေ့မှာ တွစ်တာထဲ ရေးခဲ့ပါသေးတယ်။ 
 

ဂျက်စတင်ဘီဘာ နဲ့   ကစ်ကပ်ဒီ
 -
အခုတော့ အထင်ကရ ရက်ပ်ပါ ကစ်ကပ်ဒီ နဲ့ တွဲရိုက်ထားတဲ့ စတူဒီယိုထဲကပုံ တင်လိုက်တဲ့အတွက် အဆိုကျော်ဘ၀ ယာယီအနားယူမှု အဆုံးသတ်လိုက်ပြီလို့လည်း ဆိုနိုင်ပါလိမ့်မယ်။

နောက်ထပ် သူတင်တဲ့ ပုံအကြောင်းကိုလည်း နိုင်ငံတကာ ဖျော်ဖြေရေးသတင်းစာမျက်နှာတွေမှာ ရေးနေကြပါပြီ။ သူ့ထက်  ၂ နှစ်ကြီးတဲ့ ရည်းစားဟောင်း အမေရိကန် အဆိုတော် မင်းသမီး ဆယ်လင်ဂိုမက်ဇ် နဲ့ တွဲရိုက်ထားတာပါ။

ဂျပ်စတင်ရဲ့ စန်းပွင့်မှုကတော့ အံ့သြစရာပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်ကဆိုရင် အမေရိကန်က စာနယ်ဇင်းအရောင်းဆိုင်တွေရှေ့ ရပ်ကြည့်ရင် အပတ်စဉ်ထုတ်စာစောင် အတော်များများရဲ့ မျက်နှာဖုံးမှာ သူ့ပုံကို တွေ့ရမှာပါ။ ပုံစာကိုတော့ "Love the way you look at me" လို့ ရေးထားပါတယ်။
 


 
("Love the way you look at me" လို့  ပုံစာမှာ ရေးထားပါတယ်။ ငါ့ကိုကြည့်တဲ့ နင့်အကြည့်ကို ကြိုက်လိုက်တာ လို့ ဆိုရပါမယ်။ ပိုမို ကြည်လင်တဲ့ သူတို့၂ယောက်ဓာတ်ပုံကို ဒီစာစုရဲ့ထိပ်ဆုံးမှာ တင်ထားပါတယ်)  
.

၂၀၀၉ အမေရိကမှာ စတင် ထင်ရှားလာ၊ ၂၀၁၀ မှာတော့ ကမ္ဘာကျော်ခဲ့သူ ဂျပ်စတင်ဘီဘာက ဂီတနဲ့ပတ်သက်တဲ့ ဂုဏ်ပြုဆုတွေ အများအပြား ရရှိထားသူပါ။
အခုဆိုရင် သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ နောက်ကလိုက်သူ သန်း လေးဆယ် ရှိနေတဲ့အထိ လူကြိုက်များ လူစိတ်ဝင်စားမှု ရနေပါပြီ။
သူ့ဓာတ်ပြား ရောင်းချမှု၊ စင်တင်ဖျော်ဖြေပွဲနဲ့ သူ့နာမည် ပုံရိပ်အသုံးပြုမှုလုပ်ငန်းတွေကနေ ၀င်ငွေ အများအပြား ရနေပါပြီ။
တနှစ်ကို သူ့ဝင်ငွေက ဒေါ်လာ သန်းငါးဆယ် ကျော်ပါလိမ့်မယ်။

သူ့အသက်က ၁၉ နှစ်။

အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အောင်မြင်နေတဲ့သူ၊ ကြွယ်ဝနေတဲ့သူ ကမ္ဘာမှာ ရှားပါးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved