ကုလသမဂ္ဂ လူအခွင့်အရေး ရုံးက မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက် တခုကို ချီးမွမ်းခန်း ထုတ်လိုက်ပါတယ်။
မြန်မာအစိုးရက အကျဉ်းသားတွေရဲ့ သေဒဏ်ပြစ်ဒဏ်ကျခံရမှုကို သေဒဏ်က ပယ်ဖျက်ပြီး ထောင်ဒဏ်နဲ့ ပြောင်းလဲ သတ် မှတ်လိုက်တာကို ကြိုဆိုကြောင်း ပြောလိုက်တာကို ကုလ သတင်း ထုတ်ပြန်ရေး ဝက်ဆိုက်က ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ၆၆ နှစ်မြောက် လွတ်လပ် ရေးနေ့ကို ကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ သေဒဏ် အမိန့်ချမှတ်ခံ ထားရတဲ့ အကျဉ်းသားတွေကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ သေဒဏ်က နေ လျှော့ပေါ့ပေး လိုက်ပြီး အခြား ပြစ်ဒဏ်ကျ အကျဉ်းသားတွေကိုလည်း ပြစ်ဒဏ်တွေက လျှော့ပေါ့ သတ်မှတ်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ကြေညာခဲ့ပါတယ်။
“မြန်မာအစိုးရ သမ္မတရဲ့ အမိန့်ကို ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်း ကြီးရုံး ( Office for the High Commissioners of Human Rights - OHCHR) ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Rupert Colville က သတင်းထောက်တွေကို မနေ့က ဂျနီဗာမှာ ပြောလိုက်ပါတယ်။
၁၉၈၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ သေဒဏ်ကျခံရသူတွေကို ကြိုးပေးမသတ်တော့တာဟာ အရမ်းကို သိသာတဲ့ အရွေ့ဖြစ်တယ်လို့လည်း သူက ထပ်ပြီး မှတ်ချက်ပြုပါတယ်။
အခုနှစ် အတွက် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ထမ်းဆောင်တဲ့ မြန်မာရဲ့ ဒီခြေလှမ်းဟာ ဒေသတွင်းနိုင်ငံတွေ ကိုပါ ကျော် လွန် ပြီး အပေါင်းလက္ခဏာဆောင်တဲ့ နမူနာ တခုဖြစ်တယ်လို့လည်း မစ္စတာ Colville က ပြောပါသေးတယ်။
ကုလ လူ့အခွင့်အရေး ကော်မရှင်ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစဉ်တစိုက် ထောက်ပြဝေဖန်လေ့ရှိတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment