မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

Saturday, February 1, 2014


မန္တလေး တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးရဲမြင့်ရဲ့ယာဉ်တန်းဟာ မနေ့က ညနေပိုင်းက နောင်ချိုမြို့နယ်အတွင်း ရှိ မေမြို့- မိုးကုတ် ကားလမ်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဘီဘီစီ သတင်းတပုဒ်က ကြေညာသွား ပါတယ်။ 

 မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

အခင်းဖြစ်ပွားတဲ့နေရာက မန္တလေးတိုင်းနဲ့ ရှမ်းပြည်အစပ် နောင်ချိုမြို့နယ်အတွင်းမှာ ဖြစ်ပြီး လိုက်ပါ သတင်းယူ တဲ့ မန္တလေး နေ့စဉ် သတင်းစာက သတင်းထောက် မန်းကိုကိုနဲ့ မန္တလေးတိုင်း သတ္တုတွင်း ဝန်ကြီးရဲ့ ကိုယ်ရေး အရာရှိတို့ ဒဏ်ရာအနည်းငယ်စီ ရသွားတယ်လို့ မန္တလေးတိုင်း သတင်း တပ်ဖွဲ့ကို ကိုးကားပြီး ဘီဘီစီက ဆိုပါတယ်။ 

ဝန်ကြီးချုပ် ဦးရဲမြင့်ဟာ အဲဒီ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရတယ်၊ မရဘူးဆိုတာတော့ အဲဒီ သတင်းမှာ မဖော်ပြထားပါဘူး။ 

အခုလို တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှုဟာ မန္တလေးတိုင်းအတွင်း မှာ ပထမဆုံးလည်း ဖြစ်တယ်လို့ မန္တလေး တိုင်းဒေသကြီး အစိုးရ ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 


 အိမ့်သံစဉ် ~




 

.



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved