ရန်ကုန်မြို့လယ်က စာပေဟောပြောပွဲ

Saturday, February 1, 2014

~


ရန်ကုန်မြို့လယ်မှာ စာပေဟောပြောပွဲတခု မနက်ဖြန် ရှိပါတယ်။

 



၃၁ လမ်း အထက်ဘလောက်၊
ဖေဖော်ဝါရီ ၂ တနင်္ဂနွေ ည ၇းဝဝ၊
မောင်စိန်ဝင်း (ပုတီးကုန်း)၊ အကယ်ဒမီ ငြိမ်းမင်း၊ မောင်သာချို

၃၁ လမ်း အထက်ဘလောက် ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့ မျက်စောင်းထိုးလောက်မှာ ရှိပါလိမ့်မယ်။

မောင်စိန်ဝင်း (ပုတီးကုန်း) က ကဗျာ၊ ဝတ္ထုရှည်များနဲ့ ထင်ရှားခဲ့သူပါ။   မြန်မာပြည်ရဲ့ ရောင်းအကောင်းဆုံး ကဗျာစာအုပ်တွေကို ရေးသားသူ မောင်စိန်ဝင်း (ပုတီးကုန်း) က အသက် ၆ဝ ကျော်ပါပြီ။
ကဗျာစာအုပ်၊ ဝတ္ထုတို ပေါင်းချုပ်၊ လုံးချင်းဝတ္ထု စသဖြင့် စာအုပ်ပေါင်း ၁ဝဝ ဝန်းကျင် ထွက်ခဲ့ပြီးပါပြီ။ ကဗျာစာအုပ်တွေကတော့ အကြိမ်ကြိမ် ပုံနှိပ်ခဲ့တာပါ။
သူ့စာအုပ် မဖတ်ဖူးသူတွေလည်း သူဝတ္ထုတွေကို ဗီဒီယို ရုပ်ရှင် ဇာတ်လမ်းများကတဆင့် ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ဧရာဝတီ အင်တာဗျူး
http://burma.irrawaddy.org/interview/2011/09/26/428.html
“မြစ်ပျောက်ရင် တိုင်းပြည် ပျောက်မယ်

ဇာတ်ညွှန်းဆရာ အကယ်ဒမီငြိမ်းမင်းကလည်း စာပေဟောပြောပွဲတွေ မကြာခဏ လိုက်နေရသူပါ။

မောင်သာချိုက ဘာတွေ ပြောမယ် ဆိုတာကလည်း စိတ်ဝင်စားစရာ တမျိုး ကောင်းပါလိမ့်မယ်။
မောင်သာချိုအနေနဲ့ ပြောမလား၊ သရော်စာရေးသူ ဂျက်(ကွမ်းခြံကုန်း) အနေနဲ့ ပြောမှာလား။ ဒါတွေကို မနက်ဖြန် သိရပါမယ်။

 ရန်ကုန်မြို့လယ်မှာ ရှိတဲ့အတွက်  သွားလမ်းသာပါလိမ့်မယ်။ ပြန်လမ်းကတော့ မိုးချုပ်ရင် သိပ်လှမယ်မဟုတ်ပါဘူး။ အနီးအနားမြို့နယ်များက စာပေဟောပြောပွဲစိတ်ဝင်စားသူများလည်း သွားရောက် နားထောင်ကြပါလိမ့်မယ်။

ပန်းဘဲတန်းမြို့နယ် ဟောပြောပွဲ တရားပွဲတွေရဲ့ ထုံးစံအတိုင်း အဲဒီ လမ်းသွယ်လေးကို ပိတ်ပြီးတော့ စာပေဟောပြောပွဲ လုပ်မယ်လို့ ယူဆရပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved