အချစ်တွေရှိနေသရွေ့

Tuesday, February 4, 2014

~


 
မနေ့က ကျွန်မနဲ့ video chat လုပ်တုန်း သူ့လက်လေးနှစ်ဘက်ကို ထောင်ပြတော့  - ပောာ ... လက်တစ်ဘက်က လက်သည်းနီ အနီရောင်၊  နောက်တစ်ဘက်က အပြာရောင်...
 


ကျွန်မက မေမေ့ကိုအမြဲပျော်ပျော်လေး မြင်ချင်တာမို့ ... "မေမေကတော့ မနိုင်ဘူး လန်ထွက်နေတာပဲ" လို့ပြောရင်း
 "ဒီမှာဆိုလက်သန်းကြွယ်လေးနှစ်ချောင်းကို တစ်ရောင်၊  ကျန်တဲ့လက်တွေက တစ်ရောင်ဆိုးကြတယ်။ မေမေလည်းဆိုး" လို့ ပြောတော့ မေမေက.... မုဆိုးမဖြစ်သွားပြီ၊  အဲဒီလိုဆိုးလို့မကောင်းဘူး တဲ့...

မေမေက နှုတ်ခမ်းနီ အရမ်းကြိုက်တယ်။ ပါပါမရှိတော့တဲ့နောက် နှုတ်ခမ်းနီမဆိုးတော့ဘူး လုပ်လို့ ကျွန်မ အိမ်အပြန် မေမေ့အတွက် နှုတ်ခမ်းနီ အနီရောင်ကိုမှ ရွေးဝယ်ပြီး  တောင်းတောင်းပန်ပန် ဆိုးခိုင်းရတာကို သွားသတိရမိတယ် ...။

အိမ်မှာမင်္ဂလာဆောင်ရှိတုန်းကလည်း ကျွန်မမေမေက အခမ်းအနားမှူးလုပ်မယ်ဆိုလို့ ကျွန်မပျော်ခဲ့ရသေးတယ်။
ဒါပေမယ့်လည်း ... မုဆိုးမဆို မင်္ဂလာပွဲမှာ ရှေ့မထွက်ရဘူး ..၊
ကိုယ့်သမီး မင်္ဂလာဆောင်နေစဉ်တောင် အမေက မုဆိုးမဆို ဘေးနား မထိုင်ရဘူး တဲ့ ...
ဒီလွဲမှားတဲ့ အယူဝါဒတွေ ပပျောက်ဖို့ အတော်လေးကိုကြိုးစားရဦးမယ် ..။

လူတစ်ယောက်သေခြင်းရှင်ခြင်းပာာ သဘာဝတရားမို့ ငြင်းဆန်လို့ မရပေမယ့် ဆုံးပါးသွားတဲ့လူကို ကိုယ့်စိတ်ထဲ ရှင်သန်ခွင့် ပေးတာ မပေးတာကျတော့ ကိုယ့်ပေါ်မှာ မူတည်တယ် ...

မေမေ့ရင်ထဲမှာ ပါပါအမြဲရှိတယ်. ....ပျော်စရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ်၊  ပါပါသာ ရှိရင် ဆိုတဲ့စိတ်နဲ့ အမြဲ ပါပါ့ အတွက်ပါ ခံစားပေးရင်း မေမေ ပါပါ့ကို ရင်ထဲမှာရှင်သန်ခွင့်ပေးထားတယ်... ။

ပါပါ့ရဲ့ မကောင်းတဲ့အကျင့်တွေ ... ဥပမာ ကျွန်မ အချိုစားတိုင်း ပါပါ့လို ၀မယ် ..
နင့်အဖေတုန်းက နားမထောင်ဘူး။ သူသာ နားထောင်ရင် ... ပါပါ့အကျင့်ဆိုးလေးတွေ ပြင်ပေးချင်နေတာ၊  မေမေ့ရင်ထဲ ပါပါရှင်သန်နေဆဲ...။

တစ်အိမ်တည်းအတူနေ တစ်ခုတင်တည်းအတူအိပ်ပြီး ဖြည့်တွေးပေးနိုင်တဲ့စိတ်ခွန်အားလည်းကုန်၊  သစ္စာဆိုတာ အိမ်တခါးဝထိသာ ပါပြီး... ခြောက်ခမ်းနေတဲ့ပန်းလေး အိမ်ရှေ့ခန်းမှာ ထားပြီး  အပြုံးအတုနဲ့ပြုံးမယ့်အစား မေမေ့ရင်ထဲမှာ ရှင်သန်နေတဲ့ပန်းလေးက ဘယ်တော့မှ မခြောက်သွားမှာမို့ အပြုံးအစစ်ကို ပိုင်သူသာ မေမေပါ။

မေမေ့ရင်ထဲ ပါပါ့အတွက် အချစ်တွေရှိနေသရွေ့ မေမေ မုဆိုးမ မပာုတ်ပါဘူး။
 -
Anita Bharadwaj



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved