~
-
ရောဂါရှိသူအမျိုးသားအိပ်ဖော်နဲ့ အတူနေတဲ့အခါ ကွန်ဒုံး သုံးရင်လည်း စိတ်မချရဘူး၊ ရောဂါကူးနိုင်ခြေရှိတယ် လို့ ရန်ကုန်အခြေစိုက် NOW အပတ်စဉ်ထုတ် ဂျာနယ် ဆောင်းပါးတပုဒ်မှာ ဒီတပတ် သတိပေး ရေးသားထားပါတယ်။
"ကွန်ဒုံးသုံးပေမယ့် သင့်ရဲ့ အမျိုးသမီးအင်္ဂါဟာ ရောဂါရှိတဲ့ အမျိုးသားရဲ့ ကပ္ပာယ်အိတ်အရေပြားနဲ့ ပွတ်တိုက်ထိတွေ့ဖန် များတဲ့အခါ ကွန်ဒုံးသုံးလည်း ရောဂါကူးနိုင်တာကို သတိမူသင့်ပါတယ်" လို့ ရေးထားပါတယ်။
အမျိုးသမီးတွေနဲ့ လိင်မှုရေးရာ ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးမှာ အဲဒီလို သတိပေးထားတာပါ။
ကွန်ဒုံးအသုံးပြုခြင်းက ကျန်းမာရေး လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေ အများအပြား ရှိပေမယ့် အသုံးပြုသင့်သူတချို့က သုံးရမှာ ဝန်လေးနေကြပါသေးတယ်။
ကွန်ဒုံးကုမ္ပဏီတွေကလည်း အသုံးပြုသူများကိုဆွဲဆောင်တဲ့အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပါးသည်ထက် ပါးအောင် ထုတ်နေကြတာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထွက်ပေါ်လာတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ကုမ္ပဏီတခုက ကမ္ဘာ့ အပါးလွှာဆုံးကွန်ဒွန် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
သူ့မတိုင်ခင် စံချိန်တင်ခဲ့တာကတော့ ဂျပန်ကုမ္ပဏီတခုပါ။ လိင်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ တနည်းတဖုံ ဆက်စပ်ပတ်သက်ပြီး သတိပေး၊ သတင်းပေး၊ ပညာပေးတာမျိုးက စာနယ်ဇင်းတွေမှာ တခါတရံ တွေ့ရမှာပါ။ ဒီဘလော့မှာလည်း ကွန်ဒွန် မဖြစ်မနေ သုံးရမယ့် အနေအထားကြောင့် အပြာကားရိုက်သူများ LA မှ ထွက်ရန် စဉ်းစား ဆိုပြီး မနှစ်က http://blog.irrawaddy.org/2012/01/la.html မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဥပဒေထုတ်လိုက်ခါမှပဲ ၁၈ နှစ်အထက် ကြည့်ရတဲ့ဗီဒီယိုကားရိုက်သူတွေ အဲဒီဒေသကို စွန့်ကြပါတယ် လို့ အမေရိကန် အွန်လိုင်းစာမျက်နှာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။
http://blog.irrawaddy.org/2012/01/la.html
.

0 comments :
Post a Comment