ယာဉ်ထိန်းရဲနဲ့ သရုပ်ဆောင်နေသူရိန် အမှုဖြစ်၊ အပြန်အလှန် တရားစွဲ

Monday, February 24, 2014

~


 


ရန်ကုန်မြို့ ကန်တော်ကြီးနားက မီးပွိုင့်တခုမှာ ရဲတပ်ကြပ်တဦးနဲ့ ပြဿနာတက်ခဲ့သူက သရုပ်ဆောင် အဆိုတော် နေသူရိန် ဖြစ်တယ်လို့ သိရပါတယ်။

ပြဿနာဖြစ်အပြီးမှာ ရဲတပ်ကြပ်ကြီးဘက်က ဖြစ်ပျက်ခဲ့တာတွေကို အင်တာနက်မှာ ဖွင့်ချခဲ့တာပါ။ ဖြစ်ပျက်ခဲ့ပုံအကျဉ်းက ဒီလိုပါ -

 ရဲတပ်ကြပ်ကြီး သောင်းဒန်
(လ  - ၁၉၇၇၅၄)
အမှတ် (၂၈)၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊
မင်္ဂလာတောင်ညွန့်မြို့နယ်

အမှု စတင်ဖြစ်ပွားချိန် - ဖေဖော်ဝါရီ ၉ နံနက် ၁၁း၁၅  
နေရာ - သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်းဆုံ မီးပွိုင့်
 
- ၉ဃ  ၇၇၇၄ Toyota Wish အနက်ရောင် မော်တော်ယာဉ်သည်   ဖရီးလမ်းကြောမှ ရှေ့တည့်တည့်သို့ မောင်းနှင်လာသဖြင့် ရပ်တန့်ပေးရန် တားဆီး။
- ယာဉ်မောင်းက မီးပွိုင့်တွင် ကားရပ်ပြီး "မင်းကဘာ ကောင်မို့လို့ ငါ့ကားကို ရပ်ခိုင်းရတာလဲ" ဟု ပြောဆိုပြီး ကိုယ်ထိ လက်ရောက် ကျူးလွန်။
- ရှောင်တိမ်းသဖြင့်  ထိခိုက်မှု မရှိခဲ့။
- နောက်တနေ့ညနေတွင် ထိုမော်တော်ယာဉ်ထပ်ရောက်လာပြီး  မီးပွိုင့်အနီးကားရပ်ကာ ဆဲဆို ကြိမ်းမောင်း  ရန်ပြု။
- ဖိနပ်၊ ကျောက်ခဲ၊ တံမြက်စည်းတို့ဖြင့် ပစ်ပေါက်ရိုက်နှက်။ စကားပြောစက်ကို လုယူသွား။
- မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထား။

ဒါကတော့  ရဲတပ်ကြပ်ကြီး သောင်းဒန်ရဲ့ အင်တာနက်ဖွင့်ချချက်ထဲက ကောက်နုတ်ပြီး အကျဉ်းချုပ် ဖော်ပြလိုက်တာပါ။ အွန်လိုင်းပရိသတ်အများအပြား ဒီဖြစ်ရပ်အကြောင်း ဖတ်ပြီးကြပါပြီ။

ဒီကနေ့ထုတ် Oasis ဂျာနယ်မှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် အဆိုတော် နေသူရိန်ရဲ့ တုန့်ပြန်ချက်ကို တွေ့ရပါတယ်။

  ကောက်နုတ်ပြီး အကျဉ်းချုပ် ဖော်ပြရရင် ...

ကျွန်တော်တို့ကား မျဉ်းစည်းကျော်မှ လမ်းလယ်ကောင်ရပ်ပြီး လှမ်းတားတယ်။ ပြီးတော့ လိုင်စင်ပေး ဆိုတော့ ကျွန်တော်ကလည်း ကျွန်တော် မမှားကြောင်း ပြောပြတယ်။
အဲဒါ သူက "ဒါ ငါ့တာဝန်ချိန် ငါပြောတာ လက်ခံ"  လို့ ပြောတယ်။ ပြီးတော့ လူကို ဆောင့်တွန်းတယ်။ နောက် သူ ဖိနပ်နဲ့ဆောင့်ကန်တာ ယိုင်သွားတယ်။

အဲဒီလမ်းက ပြန်နေကျဆိုတော့ နောက်နေ့ကြတော့ သူကို တွေ့တယ်။ အဲဒီကိစ္စ အိမ်ကလူကြီးတွေ သိသွားတော့ ကားရပ်ပြီးမနေ့ကအကြောင်း ဆင်းမေးတယ်။ အေးအေးဆေးဆေး ဆင်းမေးတာကို
"အခု ကျုပ် တာဝန်ချိန်၊ ဘာမှ လာမမေးနဲ့"  ၊ "ကျုပ်မှန်လို့လုပ်တာ"  ဆိုပြီး ပြောတယ်။ ကျွန်တော့်အဖေကလည်း သူတို့မှာ စိတ်ဖိစီးမှုတွေ အများကြီးရှိလို့ အေးအေးဆေးဆေး မေးတာပါ။ အဲဒါနဲ့ ကျွန်တော်တပည့်တစ်ယောက် ၀င်ပြောတော့ သူက သူ့ရဲ့လူတွေဆီဖုန်းဆက်တယ်။
ပြီးတော့ ကျွန်တော့်တပည့်ကို Walky Talky နဲ့ ပေါက်တယ်။

ကဲ... ဒါကတော့ သူတို့နှစ်ယောက်ရဲ့ အသီးသီး ဖွင့်ချချက်တွေပါ။
ဘယ်သူက မှန်သလဲ မသိပါဘူး။
ဒီအတိုင်းဆို တဘက်ဘက်က သို့မဟုတ် နှစ်ဘက်စလုံးက ထိန်ချန်ထား လိမ်ညာထားတာ ရှိပါလိမ့်မယ်။

ဘယ်လို အဆုံးသတ်သွားမယ် ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။




.

3 comments :

  1. Unknown said... :

    တစ်ကယ့်အမှန်တရား ပေါ်ပေါက်နိုင်ပါစေလို့ဆုတောင်းနေရုံကလွဲပြီးဘာမှမရှိတဲ့မြန်
    မာပြည်ကြီးဘယ်တော့ပြောင်းလဲမှာလဲလို့တွေးရင်း..........

  1. Anonymous said... :

    နေသူရိန်တို့ ကနောက်တနေ့ မှာနောက်တစ်ခါဒီယာဉ်ထိန်းရဲရှိတဲ့နေရာမှာလမ်းထပ်ကြုံတယ်ဆိုတာဖြစ်နိုရဲ့လား ။စဉ်းစားစရာပဲ

  1. Norman said... :

    Thrown walky talky out toward them??????
    The traffic police must be very very stupid.
    Come on!!!!!!!!!!!!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved