မိုင်းဖုန်းဆရာတော်ရဲ့ ရန်ကုန်၊ မန္တလေး၊ ဗုဒ္ဓဂယာ ခရီးစဉ်

Wednesday, February 19, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖုန်းဒေသတွင် သီတင်းသုံးစံမြန်းနေသော မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မြို့မှ ရန်ကုန် သို့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြွရောက်ပြီး ထိုမှတဆင့် ဗုဒ္ဓဂယာသို့ ကြွချီမည်ဖြစ်ကြောင်း တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း) ၏ ဖေ့ဘုတ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။ ( မိုင်းဖုန်းဆရာတော်ဖေ့စ်ဘုတ်)

 မိုင်းဖုန်းဆရာတော်

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)၏ ဖေ့ဘုတ်တွင် ဖော်ပြ ထားသော မိုင်းဖုန်းဆရာတော်၏ ခရီးစဉ်များနှင့် ပတ်သက်၍ မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။ 

မိုင်းဖုန်းဆရာတော် ရန်ကုန်ကြွမည်

၂၀/၂/၂၀၁၄ ။      ။ တာချီလိတ်မှ လေယာဉ်ဖြင့် ရန်ကုန်ကို ကြွပါမည်။ ညနေပိုင်း လေယာဉ်ဆိုက်ပါ မည်။ အချိန်ရှိပါက ညဦးပိုင်း ရွှေတိဂုံတွင် ရွှေသင်္ကန်း သွားရောက်လှူဒါန်းပါမည်။ ထောက်ကြံ့သာသနာ လင်္ကာရ မိုင်းဖုန်းကျောင်းတွင် ကျိန်းပါမည်။ 

၂၁/၂/၂၀၁၄ ။      ။ မနက်ပိုင်း ကမ္ဘာအေးတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ကန်တော့၊ ကံထပ်မင်္ဂလာပြုလုပ်ပြီး နေ့ဆွမ်းဆက်ကပ်ပါမည်။ ပြီးလျှင် ဗဟန်းဇီဝိတဆေးရုံတွင် အလှူငွေ သွားလှူမည်။ ပြီးလျှင် ကျိုက်ဝိုင်း ခေမရဌ်ကျောင်း၊ ကိုးမိုင်ရှမ်းကျောင်းသို့ ကြွရောက် ဘုရားဖူးကာ 
ထောက်ကြံ့ သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ညကျိန်းပါမည်။ 

၂၂-၂၃/၂/၂၀၁၄။    ။ တွင် နေပြည်တော်ကို ကြွဖို့ အစီအစဉ်ရှိပါမည်။ 

၂၄-၂၅/၂/၂၀၁၄ ။      ။ မန္တလေးသို့ ကြွပါမည်။ 

၂၆/၂/၂၀၁၄။      ။  မန္တလေး အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွပါမည်။ ၂/၃/၂၀၁၄  ။      ။  ဘူတန်တော်ဝင်မိသားစု၏ ပင့်ဖိတ်ချက်အရ ဘူတန်နိုင်ငံသို့ ကြွပါမည်။ ၁၂/၃/၂၀၁၄။      ။  မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် စတင်ပါမည်။ 

မိုင်းဖုန်းဆရာတော်အား ဖူးမျှော်လိုသော ဒကာဒကာမများ ကြိုတင်သိရှိနိုင်ရန် ခရီးစဉ်ကို ဖော်ပြလိုက်ပါ တယ်။ 

ကျန်းမာပါစေ။ 

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)





 

.


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved