မြန်နှုန်း တနာရီ မိုင် ၂၇ဝ ကျော်နဲ့ စံချိန်တင်မောင်းပြလိုက်တဲ့ ပြိုင်ကား

Wednesday, February 26, 2014

Hennessey Venom GT ကုမ္ပဏီက ၂ ယောက်စီး ပြိုင်ကားတစီးနဲ့ ကမ္ဘာ့ အမြန်ဆုံး စံချိန်သစ်အဖြစ် တနာရီကို မိုင် ၂၇၀.၄၉ မိုင် ( ၄၃၅.၃၁ km/h) ထိရောက်အောင် စံချိန်တင်မောင်းပြလိုက်ပါပြီ။




ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကနေဒီ အာကာသစင်တာမှာ အခုလို စမ်းသပ်မောင်းနှင်မှုကို လုပ်ခဲ့တာဖြစ်ပြီး Miller Motorsports Park ဒါရိုက်တာ Brian Smith က အဲဒီပြိုင်ကားကို မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ သူ ဘယ်လို မောင်းနှင်ခဲ့တယ်၊ ဘယ်လို အမြန်နှုန်းမြင့် စံချိန်တင်ခဲ့တယ်ဆိုတာ အခုအောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။ 

ယူကျုမှာ အဲဒီ ဗီဒီယို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တင်ခဲ့ပြီးနောက် အခုထိ ကြည့်ရှုတဲ့အကြိမ်ပေါင်း ၁ သန်း ၃ သိန်း ကျော် ရှိနေပါပြီ။ ဒါဟာ ပြိုင်ကားမောင်းနှင်မှုရဲ့ အောင်မြင်မှုခြေလှမ်းသစ်တရပ်လည်းဖြစ်ပါတယ်။

  



အိမ့်သံစဉ် ~ 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved