ပဋိပက္ခဖြစ်ပြီးစ ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ထိမ်းသိမ်းကွပ်ကွဲမှု အောက်ရှိနေတာဖြစ်
ပြီး အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ ပြောခဲ့တာရယ်၊ သူ့ ကို သတင်းပေးသူ
တွေ က ရဲတပ်ဖွဲ့က စတင်မီးရှို့ခဲ့တယ်လို့ သူက သတင်းဌာနကို ပြောခဲ့ပြီးတာကြောင့် ပြည်ထဲရေး ဝန်ကြီး ဌာန က မနေ့က ခေါ်ယူစစ် ဆေးတာပါ။
သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေး အမတ် ဦးရွှေမောင်ကို ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေး မေးမြန်းဖို့ ပါတီ အကြီးအကဲလည်းဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဆီကို ခွင့်ပြုပေးဖို့ စာပို့ခဲ့အပြီး ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မမှန်သတင်းပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းမှုကို မနေ့က ညနေ ၄ နာရီက နေပြည်တော်က ကြံ့ခိုင်ရေးပါတီ ဋ္ဌာနချုပ်မှာ စတင်ခဲ့တာပါ။
ဒီအကြောင်းသတင်းအပြည့်အစုံကိုလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာက ဧရာဝတီသတင်းထောက်
တွေ ဖြစ်ကြတဲ့ PAUL VRIEZE နဲ့ ထက်နိုင်ဇော်တို့ ရေးသား တင်ပြထားတဲ့ Ruling Party MP Investigated for Defaming Police ဆို တဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။
အိမ့်သံစဉ် ~
တိတိကျကျ ပြတ်ပြတ်သားသား အရေးယူပါ။
ပြည်သူကို အယုံကြည်မဲ့အောင် မလုပ်စေချင်ပါ။