ဒုက္ခသည်များအား ခွဲခြား ဆက်ဆံမှု ရပ်တန့်ရေး နို့ဖိုး စခန်းတွင် ဆန္ဒပြ

Wednesday, February 19, 2014

ထိုင်း-မြန်မာ နယ်စပ် နို့ဖိုး ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ အကြား ခွဲခြားဆက် ဆံမှုများအား ရပ်တန့်ပေး ရန် လူ ၁၀၀ ၀န်းကျင်က ယနေ့ နံနက်ပိုင်းတွင် UNHCR ရုံးရှေ့၌ ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း သိရ သည်။ 

 ယနေ့ မနက်ပိုင်းက နို့ဖိုး ဒုက္ခသည်စခန်းမှာ ခွဲခြားမှုတွေရပ်တန့်ပေးဖို့ ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ- CJ

စခန်းတွင်းရှိ ဒုက္ခသည်များအနက် ပြည်ပနိုင်ငံများ၌ မိသားစုဝင် ရှိသူများကိုသာ တတိယ နိုင်ငံသွားနိုင် မည့် ထောက်ခံချက် များ လုပ်ပေးကြောင်း၊ ထိုသို့ ခွဲခြား ဆက်ဆံခြင်းကို ဆက်လက် မလုပ်ဆောင်ရန် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ယခု အကြိမ် သည် ဒုတိယ အကြိမ်မြောက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ဦးကျာ်မြင့်ဆွေ က ဧရာဝတီ ကိုပြော သည်။ 

“ဒုက္ခသည်ချင်း အတူတူ ပြည်ပမှာ မိသားစုဝင်ရှိတဲ့သူတွေကိုပဲ တတိယနိုင်ငံသွားခွင့်ပေးတယ်၊ မိသားစုဝင် မရှိတဲ့ ဒုက္ခ သည်တွေက တတိယ နိုင်ငံသွားခွင့် ကန့်သတ် ခံရတာအပြင် တခြား အထောက်အပံ့တွေ လည်း အပြည့်အ၀ မရဘူး”ဟု ၎င်း က ဆိုသည်။ 


ဒုက္ခသည် စခန်းရှိ သူများအား UNHCR ၏ Pre ဟုခေါ်ဆိုသည့် ပဏာမ အဆင့် ဒုက္ခသည် အဖြစ် သတ် မှတ်ခြင်းကို ၂၀၀၉ ခုနှစ်တွင် လုပ်ပေး ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ တရားဝင် ဒုက္ခသည်ဖြစ်လာရေး ကို စောင့်ဆိုင်းနေသူ အများအပြားရှိကြောင်း၊ သို့သော် ယနေ့အထိ တရားဝင် ဆောင်ရွက်ပေးခြင်းမရှိသေး ဟု သိရသည်။ 

“ပထမတော့ Pre အနေနဲ့ သတ်မှတ်ပေးခဲ့တယ်၊ တရားဝင် ဒုက္ခသည် ဖြစ်ဖို့စောင့်နေကြတာ တချို့ ဆို လေးငါး နှစ်ရှိနေ ကြ ပြီ၊ အခုကျတော့ Pre တွေကို တရားဝင် မပေးတော့ဘဲ ပြည်ပမှာ မိသားစုဝင်တွေ ရှိမှသာ တတိယ နိုင်ငံသွားခွင့်ပြုတော့မယ် ဆိုပြီး တနည်း ပြောင်းလုပ်တာတယ်”ဟု ဦးကျော်မြင့်တွေ က ဆိုသည်။ 

UNHCR တွင် မှတ်ပုံတင်ထားပြီး Pre ဟု ခေါ်ဆိုသော ဒုက္ခသည်များအား UNHCR အပါအ၀င် နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBC)က ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာ ကို ထောက် ပံ့ပေးထား ကြောင်း သိရသည်။ 

နို့ဖိုး ဒုက္ခသည် စခန်းတွင် လူဦးရေ စုစုပေါင်း ၁၂၀၀၀ ၀န်းကျင် ရှိပြီး၊ ထိုင်း-မြန်မာ နယ်စပ်ရှိ အုန်းဖျန်၊ မယ်လ၊ မယ်လဦး၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း၊ မယ်ရာမို၊ ကရင်နီ စသည့် ဒုက္ခသည် စခန်း ၉ ခု တွင် လက်ရှိ ဒုက္ခသည် ၁၂၀၀၀၀ ကျော်ရှိနေ ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် အရ သိရသည်။ 


 ခင်ဦးသာ ~











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved