ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်တော့မှာလား

Monday, February 3, 2014

~



ကင်ဂျုံအန်း၊ ဟစ်တလာတို့က အဘ ခေါ်ရလောက်အောင် ကြမ်းကြမ်းတမ်းတမ်း ပေါက်ကရ  လျှောက်ပြောခဲ့တဲ့ ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်စာ တင်ပြီ ဆိုရင် ဒါ အံ့သြစရာ မဟုတ်ပါဘူး။ 
 -
 -


နာဂတိုင်းရင်းသားပွဲတော်တခုမှာ တွေ့ရတဲ့ ဦးအုန်းမြင့် (ဓာတ်ပုံကို သူ့ဖေ့စ်ဘုတ်ကနေ ယူပါတယ်)

ဝန်ကြီးတာဝန်ယူထားပြီး အဲဒီလို မိုက်မိုက်ရိုင်းရိုင်း ပြောမိလို့  နုတ်ထွက်စာ မတင်ဘူး ဆိုမှသာ အံ့သြကြရမှာပါ။ ဒီလူတွေ မျက်နှာပြောင် တိုက်ပြီးတိုက်ပါလား ဆိုပြီး အံ့သြရမှာပါ။

ဖြစ်ပုံက ဒီလိုပါ -  ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း  မွေး/ရေ ဝန်ကြီး ဦးအုန်းမြင့်က မကွေးမြို့ သစ်ရာကောက်ကျေးရွာမှာ သောက်သုံးရေရရှိရေး တင်ပြတဲ့ ဒေသခံတွေကို ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း ကြိမ်းမောင်းခဲ့ပါတယ်။
 -
 -
 -
 -
သူ့ရဲ့ ကြိမ်းမောင်းချက်တွေကို ရန်ကုန်အခြေစိုက်   ယူနတီဂျာနယ်က မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တာပါ။ ချက်ချင်းဆိုသလိုပဲ ကြိမ်းမောင်းချက် ရုပ်သံဖိုင်က အွန်လိုင်းထဲ ရောက်လာပါတယ်။
သူ့ရဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုချက်တွေ စတင် ဖော်ပြခဲ့တဲ့ ဂျာနယ်က တာဝန်ရှိသူ နဲ့ သတင်းသမား တချို့ အထိန်းသိမ်းခံနေရပါတယ်။
ပေါက်မြို့နယ် လျှို့ဝှက်ဓာတုစက်ရုံ မျက်နှာဖုံးဆောင်းပါး ဖော်ပြအပြီးမှာ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အထိန်းသိမ်းခံနေရတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။

ဦးအုန်းမြင့်က မွေး/ရေ ဝန်ကြီး ဌာနကို  ၂၀၁၂  သြဂုတ်က စပြီး ကိုင်တွယ်ခဲ့ရသူပါ။

အဲဒီရွာကို ထန်းရည်သွားသောက်ရင်း ထန်းရည်ဝိုင်းမှာ ပြောမိတယ် ဆိုရင်တော့ ပြဿနာ မရှိပါဘူး။

ဝန်ကြီးတယောက်အနေနဲ့ အဲဒီရွာကိုသွားတယ်၊ ၀န်ကြီးဌာနတာဝန်ပိုင်းဆိုင်ရာစကားတွေကို ပြောတယ် ဆိုရင်တော့ ပြဿနာ ရှိပါပြီ။

ဝန်ကြီးတယောက်အနေနဲ့ အဲဒီရွာကိုသွားခဲ့တာ ဆိုရင်တော့ သူပြောတာတွေက အစိုးရနဲ့မဆိုင် သမ္မတ သဘောထားနဲ့ မဆိုင် ဆိုပြီး ဆင်ခြင်လက်ခြေပေးတာမျိုးတော့ မသင့်တော်ပါဘူး။
ဆင်ခြေပေးရင် အဲဒီသမ္မတလည်း ထွက်သင့်ပါတယ်။

 ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့် ပါးရိုက်ရဲတယ်၊ ဘယ်သူတွေကို ထောင်ချလိုက်မယ် ဆိုတဲ့  ပြောဆိုချက်တွေကြောင့် မှားမှန်း သိရင် အခုလောက်ဆို နုတ်ထွက်စာ တင်ပြီးလောက်ပါပြီ။

နုတ်ထွက်စာ မတင်ရသေးဘူး ဆိုရင်တော့ ပြောတာ မမှားဘူးလို့ ခံယူထားကြပုံ ရပါလိမ့်မယ်။

ဝန်ကြီးတယောက် တာဝန်ချိန်အတွင်း တရားဝင် ပြောဆိုခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးက အစိုးရအဖွဲ့အပေါ် ကျလာပါပြီ။

သူက ပါတီလူကြီးလည်း ဖြစ်တဲ့အတွက် ကြံ့ခိုင်ရေးပါတီကလည်း ဒီပြောဆိုချက်အတွက် အခုလောက်ဆိုရင် ဖြေရှင်းချက် ဘယ်လိုထုတ်ရမလဲ ဆိုတာကို တိုင်ပင်နေလောက်ပြီလို့ ယူဆရပါတယ်။



.

5 comments :

  1. Anonymous said... :

    အခုလို ပြည်သူ လူထုအပေါ် ပြောခဲ့တာ ရာထူးကနုတ်ထွက်သင့်တယ်

  1. Anonymous said... :

    ဦးအုန်းမြင့် အဌာရသ ၁၈ ရပ် တတ်ပါရဲ့လားခင်ဗျာ။
    ပြည်သူ သန်း ၆၀ ကို စိန်ခေါ်လိုက်တော့ ဘယ်သူမှ မတုန့် ပြန်ကြသေးဘူးလား။?
    ကျွှန်တော် ကဘဲ သန်း ၆၀ ကိုယ်စား တုန့်ပြန်ပေးပါမယ်။
    သေနပ်အားကိုးနဲ့တော့ လက်နက်မရှိတဲ့ လူထုကို ပါးလိုက်ရိုက်ဘို့ ခြိမ်းခြောက် မနေပါနဲ့။
    အဌာရသ ၁၈ ရပ် ထဲက ကြိုက်ရာ လက်နက်တခုယူပြီး တဦးချင်းပြိုင်တိုက်ရအောင်။
    ရန်ကုန်မြို့က ပြည်သူ့ရင်ပြင် ရှေ့ကို ခုလိုဘဲ ကြွေးကြော်ပြီးလာခဲ့ပါ။

  1. Anonymous said... :

    ဝန်​ကြီးက ဝန်​ကြီ နဲ့​လျော်​ညီတဲ့ စကားကို​ပြောပါ။ပေါက်​ပန်း​ဈေး မ​ပြောပါနဲ့။အဆင့်​အတန်းရှိတဲ့ဝန်​ကြီး ဖြစ်​ပါေ​စ

  1. Anonymous said... :

    အသက်​​တွေလဲကြီး​နေပြီ
    တရားမရ​သေးဘူးလား

  1. Anonymous said... :

    ခင်ဗျားကြီးရော၊ ခင်ဗျားကြီးနဲ့ အတူတွဲလုပ်နေတဲ့သူတွေကိုရော...ကျွန်တော်တို့ပြည်သူတွေဘယ်လိုယုံကြည်ရတော့မှာလဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved