နယ်လှည့်ဆေးကုသရေယာဉ် ရေချပွဲ ဂျာမန် သမ္မတကတော်တက်ရောက်

Wednesday, February 12, 2014


ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နယ်လှည့် ဆေးကုသရေး ရေယာဉ်အဖြစ်နဲ့ ကျန်းမာရေး ၀န်ဆောင်မှု
ပေးမယ့် Swimming Doctors 2 ရေယာဉ်ရေချပွဲကို ဖေဖော်ဝါရီ (၁၁) ရက်နေ့နံနက်က ကျင်းပပြုလုပ် ခဲ့ပါတယ်။


(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ) ~

မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ဂျာမဏီနိုင်ငံသမ္မတခရီးစဉ်မှာ လိုက်ပါလာခဲ့တဲ့ သမ္မတ ကတော်  Ms. Daniela Schadt က အခမ်းအနားကို တတ်ရောက်ကာ ရှန်ပိန်ပုလင်းခွဲပြီး ရေယာဉ်
ကို ရေချပေးခဲ့ပါတယ်။

 အဆိုပါ Swimming Doctors ဆေးကုသရေယာဉ်ဟာ ဂျာမဏီနိုင်ငံကလျှုဒါန်းတာဖြစ်ပြီး မြစ်ဝကျွန်းပေါ်
ဒေသမှာ နယ်လှည့် ဆေးကုသမှု ၀န်ဆောင်မှုပေးမှာဖြစ်ပြီး တန်ဖိုးကတော့ ကျပ် ၃၅၀,၀၀၀,၀၀၀ (ကျပ် သန်းသုံးရာငါးဆယ်) ဖြစ်ပါတယ်။ 

















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved