ဝန်ကြီး ဦးအုန်းမြင့်ရဲ့စကား အစိုးရ ရှင်းပြီ
Tuesday, February 4, 2014
~
ပြောရဲဆိုရဲရှိတဲ့ ဝန်ကြီးဦးအုန်းမြင့်ရဲ့ စကားနဲ့ ပတ်သက်ပြီး အစိုးရက ပြန်ရှင်းပါပြီ။
NLD အမတ်တဦး ဖြစ်တဲ့ ဦးအောင်စိုးက ဒီကနေ့ လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းရာမှာ ပြန်ကြားရေးဝန်ကြီးက လာရောက် ဖြေရှင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဖြေရှင်းချက်ကို NLD အွန်လိုင်းကနေ မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။ 
 -
ပြီးခဲ့တဲ့လက တွေ့ရတဲ့ ဝန်ကြီးဦးအုန်းမြင့် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
"မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်  ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်" လို့ ဦးအောင်ကြည်က ရှင်းပါတယ်။
ပွဲဆူနေတဲ့ ဒီကိစ္စအတွက်
" ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါကြောင့်မိုလို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါ" လို့ ဦးအောင်ကြည်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီးတွေပြောတဲ့ လုံလောက်တဲ့အချိန်ဆိုတာက ဆယ့်လေးငါးလ ဖြစ်နိုင်သလို ဆယ့်လေးငါးနှစ်လည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာလဆန်းတရက်နေ့ဟာ ဘယ်နေ့ဖြစ်မယ် ဆိုတာတော့ သူတို့ပဲ သိနိုင်ပါလိမ့်မယ်။
ဝန်ကြီးဦးအုန်းမြင့်ရဲ့ အင်မတန် ရိုင်းစိုင်းနဲ့ စကားနဲ့ ပတ်သက်ပြီး ချက်ချင်း ဖြေရှင်းပေးတာကတော့ ချီးကျူးဖို့ကောင်းပါတယ်။
ဆက်စပ် ~
ဝန်ကြီး ဦးအုန်းမြင့်ရဲ့စကား အစိုးရ တာဝန်ယူဖြေရှင်းပေးပါ  http://blog.irrawaddy.org/2014/02/blog-post_974.html
နယ်တကာလှည့် ပါးရိုက်ရဲတဲ့ ဝန်ကြီးဦးအုန်းမြင့် 
http://blog.irrawaddy.org/2014/02/blog-post_8095.html
ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်တော့မှာလား 
http://blog.irrawaddy.org/2014/02/blog-post_7051.html
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးရဲ့အဆိုကိုပြန်လည် ဖေကြား-------
ကျွန်တော်ကတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ဖြစ်ပါတယ် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ရွာသူ၊ ရွာသားအချို့နှင့် ကြိုတင်စီစဉ်ထားခြင်းမရှိပဲနှင့်ရှောင်တခင် တွေ့ဆုံခဲ့တဲ့နေရာမှာ ပြောကြားခဲ့တယ့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျွန်တော်တို့အားလုံး သိကြောင်း မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်
 ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ကြောင်း ဘာဖြစ်လို့လည်းဆိုရင် လမ်းဘေးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကလူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြိးရဲ့ကားကိုတာဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးကျေနပ်စွာရပ်ပေးပြီး ဘယ်ကလည်း ဘာလိုလည်း ဘာလုပ်ပေးရမလည်းမေးကြောင်း စတဲ့စကားများကိုလည်း ကြားကြမှာဖြစ်ပါတယ်
အကူအညီ မပေးခခြင်လို့ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူး စကားပြောဆိုကြတော့လည်း ရင်းရင်းနှီးနှီးပြောဆိုကြတာဖြစ်ကြောင်း ဒီဒေသမှာ ၅ နှစ်လောက် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားဖြစ်ကြောင်း ၅ နှစ်လောက်တာဝန်ထမ်းခဲ့တဲ့အတွက်ရွှေမျိုးအရင်းခြာလို သဘောထားတာဖြစ်ကြောင်း ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုကြောင်း ပြောရင်းဆိုရင်း သူရဲ့ကိုယ်ပိုင်ခံစားချက်ကို လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆို မိခဲ့တယ်လို့ဒီလို.ူဆမယ် ဆိုရင် ယူဆလို့ ရနိုင်တဲ့ အနေအထားရှိပါတယ်။
ညွန်ချုပ်တစ်ယောက်ကို ကျနော် တို့ထားခဲ့တယ်။ ပြီးတဲ့အခါကျတော့ ကျေးရွာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့အတွက် ကျောင်းသားတွေအတွက် စားပွဲ ကလားထိုင် အစုံ ၃၀ လုပ်ပေးခဲ့တယ်။
ဒီအချက်တွေကို ကျနော်တို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ကျနော်အနေနဲ့ တင်ပြလိုပါတယ်။
ပလုံးတုံတုန်း ရွာသားတွေနဲ့ တွေ့တဲ့ အခါမှာလည်း ရွှာသားတွေက ၀န်ကြီးနဲ့ တွေ့ဖို့လာခေါ်ကြပါတယ် အဲလိုတွေ့ဆုံတဲ့ အခါမှာလည်း စကားအသုံးအနှုန်းလွှဲမှာမှုတွေ ပါသွားခဲ့ပါတယ်။ ပါသွားနိုင်ပါတယ်။
ကျနော်တို့ကတော့ သေသေချာချာ မသိရပါဘူး။
အဲဒီရွာမှာ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလတုန်း က နယ်မြေခံအရာရှိကြီးတစ်ယောက်အနေနဲ့ ရွာသားတွေနဲ့ အတူ လက်တွဲပြီးတော့သဲသောင်တွေနဲ့ ပင်လယ်ဝကို ဖြတ်ပြီးတော့ ဒီပုလုံးတုန်းနဲ့ ကော့သောင်းဆက်သွယ်တဲ့ တံတားကိုထိုးဖို့စွန့်စွန့်စားစား လုပ်ခဲ့တာဖြစ်ပါတယ်
အဲ့တာကိုယ်ထူကိုယ်ထ တံတားဖြစ်ပါတယ် အဲ့လိုမိုင်နဲ့ချည်ပြီးရှည်တဲ့ ဒီလိုလုပ်ငန်းတစ်ခုကို ကျေးရွာလူထုနှင့်အချိန်ယူပြီးတော့ ဒီလိုရင်းရင်းနှီးနှီးလက်တွဲပြီးတော့လုပ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်
ဒါတွေရဲ့အကျိုးဆက်ကိုကြည့်မယ်ဆိုလို့ရှိရင် အဲ့ဒီရွာရဲ့ဆိမ်ကမ်းဟာသာတောင့်သာယာဖြစ်နေတဲ့အပြင် ဦးအုန်းမြင့်တာဝန်ယူတဲ့ ၀န်ကြီးဌာနဟာလည်း ဒီပုလုံးတုံတုန်းကျေးရွာ တံတားချင်းကပ်လမ်းတွက် ဒီလိုအပ်တဲ့ လမ်းခင်းပေးဖို့ ဒီဘပ်ချက်ကို ဒီလွှတ်တော်မှာ တင်ပြထားပြိးဖြစ်တာလည်း ထည့်သွင်းစဉ်းစားရပါမယ်
ဒီတံတားတွင်မကပါဘူးကျေးရွာ မီးလင်းရေးအတွက် ဆိုလာမီးတွေတပ်ဆင်ပေးဖို့အတွက်ပါ တင်ပြခဲ့တာဖြစ်ပါတယ်
အဲ့တော့ရွာသူ၊ ရွာသားတွေအပေါ်မှာ ဦးအုန်းမြင့်ထားရှိတဲ့စေတနာကိုလည်းလွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ မှန်းစကြည်လို့တွေနိုင်ကြောင်း တင်ပြလိုပါတယ်
ဥက္ကဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား
 ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား
 ဒါမှမဟုတ် ကောက်ကျစ်သောအကြံနဲ့စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်းစဉ်းစာရမယ့်အချက်ဖြစ်ပါတယ်
အဲ့တော့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကိုလေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှတရားမျှတမှုရှိနိုင်ဖို့ အတွက် ကျွန်တော်တို့က အပေါ်ယံကလေးလေ့လာသုံးသပ်မလုပ်ချင်ပါဘူး
နောက်ခံအကြောင်း တရားတွေနောက်ဖြစ်စဉ်ပေါ်ပေါက်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ နောက်ဖြစ်စေဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ နောက်နယ်မြေခံလူထပင်းရင်း စိတ်နေသဘောထားတွေ ဒါတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါကြောင့်မိုလို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါလို့ ဥက္ကဌကြီးအားတင်ပြလိုပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
ထပ်ဆင့်ရှင်းလင်းရာတွင် ----
ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးအလေးထား ပြီးတာ့မှစဉ်းစားဆောင်ရွက်နတာဖြစ်ပါတယ် ကျွန်တော်တို့စောစောတုန်းက တင်ပြခဲ့သလိုပဲ ဒီကိစ္စဟာ အပေါ်ရံကြော စဉ်းစားရမယ့် ကိစ္စမဟုတ်ပဲနဲ့ သူ့ရဲ့နောက်ခံအကြောင်းတရားတွေ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ထို့အတူဒေသမှာပြောခဲ့တဲ့သူတွေရဲ့ စိတ်နေသဘောထားတွေ ဒါတွေကိုပါ ကျွန်တော်တို့လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါမှလည်းပဲကျွန်တော်တို့ အဖြေမှန်နဲ့ နည်းစပ်မှာဖြစ်ပါတယ်
ဒါမှလည်းပဲ ကျွန်တော်တို့ဟာပိုပြီးတော့အမျှော်အမြင်ရှိရာ ကြမှာဖြစ်ပါတယ် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို မူတည်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ကြမယ်ဆိုရင် အဆုံးဖြတ်တွေဟာမှန်မယ်လို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး ဒါကြောင့်မိုလို့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပါတ်သက်ပြီး အချိန်အနည်းငယ်လိုခြင်ပါတယ်လို့ တင်ပြခြင်းဖြစ်ပါတယ် လေးစားပါတယ်။
.
12 comments :
  1. Anonymous said... :
    ရင်းရင်းနှီးနှီး ပြည်သူနဲ့ပြောတဲ့စကားကဒီလိုလား၊ စွတ်ပြီးပြောနေတာ
  1. Anonymous said... :
    ပြနကြား​ရေးဝန်​ကြီးကထွက်​ပြီး​ရှေ့​နေလုပ်​ပါ ဘာ​ကြောင့်​သူများကိစ္စ ဓားခုတ်​ရာလက်​ဝင်​လျှိုရတာလဲ
    ဆင်​​သေကို ဆိတ်​​ရေနဲ့ဖုံးလို့မရပါ ပြည်​သူကတင်​​မြှောက်​လို့ ဖြစ်​လာတယ်​ဆိုတာ ခင်​ဗျားတို့ကိုယ်​တိုင်​တကယ်​မယုံကြည်​ပါဘူး အထက်​ကခန့်​လ်ု့ဖြစ်​တာလို့ပဲခင်​ဗျားတို့ယုံတာပါ ဒါ​ကြောင့်​ခင်​ဗျားတို့ရဲ့​ကျေးဇူးရှင်​အစစ်​က ဦးသန်း​ရွှေလို့ပဲ ခင်​ဗျားတို့မှတ်​ယူထားတာပါ မဘပြည်​သူဆိုတာ ကြား​ကောင်း​အောင်​​ပြော​နေကြတာပါ ခင်​ဗျားတို့ရင်​ထဲမှာပြည်​သူကို​လေးစားတဲ့စိတ်​ အ​ရေးထားတဲ့စိတ်​ နှမ်း​စေ့တစ်​​စေ့စာ​တောင်​မရှိဘူးဆိုတာ စကားထဲကဇာတိပြတာပါ ဝန်​ကြီးဦးအုန်းမြင့်​ကို ထုတ်​ပစ်​သင့်​ပါတယ်​ မထုတ်​ရင်​​တော့ အစိုးရတစ်​ဖွဲ့လုံးရဲ့သိက္ခာ လုံဝကျသွားမှာပါ ခင်​ဗျားတို့မှာ ဒီ​လောက်​လူရှားသလား
  1. Anonymous said... :
    ၅၉(စ)ကို ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲထားတာမဟုတ်ပါ
    ဗိုလ်ချုပ်နဲ့ ကိုင်ပေါက်နေတာပါ
    သားသမီးသမက်ချွေးမ case တွေမပါပါ
    တကယ်ဟုတ်ရင် ဂျာနယ်တွေမှာ ဖော်ပြလေ
    ဘာဖြစ်လို့ ဒေါ်စုကို သမ္မတ မဖြစ်စေချင်တာလဲ
    ၅ နှစ်လောက်ဘဲ လုပ်ခွင့်ပြုလိုက်ပါ
    ဒေါ်စုအာဏာရလို့ ပေါက်ကရအုပ်ချုပ်ခဲ့ရင် စစ်တပ်ရှိပါတယ် တို့တာဝန်အရေး ၃ ပါးကို ထိန်းနိုင်ပါတယ်
    အာဏာရှင်လက်ပါးစေတွေကတော့ ဒေါ်စုကို သမ္မတ မဖြစ်စေချင်ဘူးလေ
    တိုင်းပြည်နဲ့ ပြည်သူ ဘာဖြစ်ဖြစ် သူတို့ အတ္တဘဲ ကြည့်မှာကိုး
    အာဏာရှင်များ လက်ပါးစေများကို တောင်းပန်ချင်ပါတယ်ဗျာ တိုင်းပြည်နဲ့ပြည်သူအကျိုးကို တစ်ခါလောက်တော့ ကြည့်ပါဦး
    တို့တာဝန်အရေး၃ပါး ကို ထိန်းမယ့် စစ်တပ်ကိုလည်း လေးစားလျက်ပါ
  1. Anonymous said... :
    They have plenty of Thugs,Thieves & Crooks like him.
  1. Lu Lay said... :
    Myanmar Tatmadaw leaders have “Computer Brain”.
    In computer language “GIGO” (Garbage In, Garbage Out) is the basic application of a computer.
    This means if you store your computer with garbage (rubbish), you can only retrieve or apply garbage (rubbish).
    Since the brain of these Myanmar Tatmadaw personnel are washed for half a century, they only have “Computer Brain”.
    They have uncivilized manners which are not appropriate with the civilians. They should stay in their barracks only.
    In Myanmar, everybody knows Tatmadaw is addicted to the power.
    They are trying to defend themselves to retain their power. In this issue Union Minister for Information defends his counterpart.
    It is a worst image of the present government so far.
  1. Anonymous said... :
    "အကောက်ထဲက အဖြောင့်ရှာ၊ လိမ်လိမ်လေးဟာ အဖြောင့်ဆုံးပါဘဲ" ဆိုသောသံပေါက်အတိုင်း ဘောင်းဘီချွတ် ဝန်ကြီးတွေထဲ၌ လူနှင့်အတူဆုံးဟု "အထင်ရောက်စရာ" ဖြစ်ခဲ့ဘူးသော "ဦးအောင်ကြည်၏ " ပဒိုင်းပင်က သရက်သီးမသီး" ကြောင်း သက်သေပြ စကားဟု မြင်ပါသည်။
    '..ပြောရင်းဆိုရင်း သူရဲ့ကိုယ်ပိုင်ခံစားချက်ကို လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆို မိခဲ့တယ်လို့...' (ဦးအောင်ကြည်)
    '..ဝန်ကြီးတယောက် ရွာကိုရောက်တယ် ကျွန်တော့်ကို ဒီလို ပြောလို့ဒီလိုပြန်ပြောလိုက်တယ်.' (ဦးအုန်းမြင့်)
    '..ကျွန်တော်တို့ လုပ်ချင်တာကတော့ ရေသန့်စံနစ်နဲ့ ဒီရေတွေကိုဘဲ ရေသန့် ဖြစ်အောင်လုပ်ချင်ပါတယ်၊ သုံးလို့ရအောင်..' (ဝန်ကြီး၏ ဘာလုပ်ချင်သလဲ မေးခွန်းအပေါ် လူပါးဝ မအေ--ိုး..ေ_ာက္ရူး..ေ_ာက်ရမ်း ပဒဲကော..ဟု အခြောက်တိုက် ပေါက်ကွဲ သွားစေခဲ့သော ရွာသား၏ အဖြေ)
    နားရှိသူတိုင်းကြား၊ နှလုံးသားရှိသူတိုင်းခံစား၊ ဦးနှောက်ရှိသူတိုင်း စဉ်းစား နားလည် ဆင်ခြင်နိုင်ကြသည့် ထိုစကားရပ်များနှင့် နောက်ဆက်တွဲရိုင်းပျမှုများ အပေါ် ကလိန်စေ့ ငြမ်းဆင်ပြီး ကာကွယ်ရန် ကြိုးပန်းလိုက်ခြင်းကြောင့် ငါးညှီထုပ်သော ဖက်ပုပ်ပမာ ဖြစ်ခဲ့ရရှာပြီ။
    ထိုထက်ပို၍ စိုးရိမ်ဘွယ်ရာ ရှိသည်ကား "နောက်ခံနယ်မြေ လူထု၏ပင်ရင်း သဘောထားတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဘို့ လုံလောက်သောအခြေနေ.." ကို တောင်းဆိုနေခြင်းဖြစ်၏။
    "ကွန်မြူနစ်" သို့မဟုတ် အခြား"ပုဆိန်ရိုး အဆိုးမြင် ဝါဒီ" တံဆိပ်တခုခုအောက်မှာ အချင်းဖြစ်ရွာ သို့မဟုတ် ရွာသား (များ) အား နလံမထူအောင်နှိပ်ကွပ်ရင်း "အတောင်တူငှက်" "ပါးရိုက်ဝန်ကြီး" ၏ သိက္ခာထပ်ပွဲတရပ် (အခြေခံဥပဒေ နာဂစ်စောင့်သလို) ပြည်သူတွေ စိတ်ပြေချိန်ကိုစောင့်၍ ဝင်လာဘို့ရှိ၏။ သတိပြုဘွယ်ပင်။
    (ငတေ)
  1. Anonymous said... :
    NLD ပါတီအထင်ကရ ခေါင်းဆောင် ဟိုအရင် အာဏာမရခင် ၊အိမ်ထဲမှာချုပ်ထားခံရတုံးက တိုင်းပြည်ကို ဘယ်သူမှ စီးပွားရေးလာမလုပ်အောင် အလည်အပတ်တောင် လာလို. မရအောင် နှစ်နဲ.ချီပြီးပြောခဲ.တဲ.စကားတွေကိုလည်း ပြည်သူတွေ သတိရနေပါတယ်ဆိုတာကို ၊ အခုလှုပ်ဆော်နေတဲ. NLD ပါတီဝင်တွေ သတိမမေ.ပါနဲ. ။ ဒေါ်စုပြောသလို အပေးအယူ လုပ်ကြပါ ။
  1. Anonymous said... :
    ဦးအုန်းမြင့်ဟာ အစိုးရ cabinet ဝန်ကြီးတဦးပါ။ သူ တာဝန်နဲ့ လူထုကိုတွေ့ချိန်မှာ ပြောတာ
    အစိုးရပြောတာဘဲဖြစ်ပါတယ်။ သူ့တာဝန် သူယူပြီးနှုတ်ထွက်ရင် အစိုးရ အဖွဲ့ အပြစ်လွတ်ပါမယ်။
    သူ့တာဝန် သူမယူနိုင်ဘူးဆိုရင်တော့ အစိုးရအဖွဲ့ နှုတ်ထွက်ရပါမယ်။ ဒါက နိုင်ငံတကာ ဒီမိုကရေစီ စံနစ်ရဲ့ အနှစ်သာရ စံ ပါဘဲ၊ တခုခုကို ရွေးပေးပါ။
    တောင်းပန်ရင်လဲ အဲဒီတရွာတည်းကို တောင်းပန်လို့ မရပါ။ သန်း၆၀ လုံးကို လိုက်တောင်းပန်ပေးပါ။ ကျေနပ်မှ ရာထူးပြန်ခန့်ပါ။ ဒီကြားထဲ ရာထူးက ဆင်းထားပေးပါ။
  1. Anonymous said... :
    ဦးသိန်းစိန် အစိုးရကတော့ ဝန်ကြီးဦးဇော်မင်းကြောင့် မြစ်ဆုံဖျက် အစိုးရ နံမယ်တွင်ခဲ့တော့မလို့။
    အဲဒီ ပုဂ္ဂိုလ် အစိုးးရအဖွဲ့ကထွက်သွားလို့သာ ဘယ်သူ့မှ သောက်ဂရုမစိုက်ဘူးဆိုတဲ့ နံမည်ဆိုး အစိုးရအဖွဲ့ မဖြစ်ခဲ့တာ။
    ဝန်ကြီး ဦးမြင့်လှိုင်က ဆက်ရှိနေသေးတော့ လူတွေက တနပ်စားဝန်ကြီး နဲ့ တနပ်စားအစိုးရလို့တော့ ခေါ်နေကြဆဲပါဘဲ။
    ဝန်ကြီး ဦးအုန်းမြင့် အစိုးရအဖွဲ့ထဲ ဆက်ရှိနေရင်လဲ နယ်လှည့်ပါးရိုက်ဝန်ကြီး နဲ့ နယ်လှည့်ပါးရိုက် အစိုးရအဖွဲ့လို့ လူတွေက နံမယ်ပြောင်း ခေါ်နေကြဦးမှာပါဘဲ။
    ဦးအုန်းမြင့်က စိတ်တချက်လွတ်လို့ ပြောလိုက်မိတာဆိုရင်လဲ သူ့ကို စိတ်ရောဂါအထူးကု ဆေးရုံကိုသာပို့လိုက်ပါ။ နောက်မဟုတ်ရင် အစိုးရတဖွဲ့လုံးကို လူထုက ဝိုင်းဖမ်းပို့တာ ခံနေရဦးမယ်။
  1. Unknown said... :
    လွတ်လပ်စွာပြောလို့ရပါသည်။တိုင်းပြည်တစ်ပြည်ရဲ့ဝန်ကြီးဆိုသူတစ်ယောက် ရိုင်းပြစွာတော့
    ပြောလို့မရပါ။သိက္ခာ၇ှိစွာယဉ်ကျေးစွာပြောတတ်ရပါမည်။ကျောင်းသားလူငယ်ကလေးများ
    သူ့လိုလိုက်ပြောပါကမည်သို့လုပ်မည်နည်း။သူ့သည်ဘယ်လိုအဆင့်အတန်းရှိသောမိဘမျိုး
    ရိုးမိသားစုမှဆင်းသက်လာသည်ကိုသူ့ပြောစကားမှသက်သေခံနေပါသည်။
    ဒေါ်အောင်ဆန်းစုကြည်သာဒီလိုပြောမိပါက ဦးသိန်းစိန်အစိုးရအဖွဲ့ယခုကဲ့သို့နားလည်ပေး
    နိုင်ပါမည်လော ဖြေပါ။
  1. Anonymous said... :
    ဦးအောင်ကြည်ရဲ့ဖြေရှင်းချက်ကလက္ခံနိုင်စရာလုံးဝမရှိတဲ့ကလိမ်စေ့ငြမ်းဆင်ဖင်ပိတ်ပြီးငြင်းတဲ့စကားတွေပါဆင်သေကိုဆိတ်သားရေနဲ့ဖုံးပြီးယောက်ဖဘက်ကရှေ့နေလိုက်နေလိုက်တာပြည်သူတွေရဲ့အခွန်အတုပ်တွေနဲ့လစာယူမြိုစို့ကြီးပွားလာပြီးပြည်သူ့မျက်နှာမကြည့်ယောက်ဖကိုအရှက်မရှိကာကွယ်သွားလိုက်တာရွံစရာ
  1. Anonymous said... :
    Not only Ohn Myint but also the whole cabinet shouldbe removed.
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved