ဂျာမဏီက မြန်မာကို အကြွေး ၅ဝ % လျှော်ပေးလိုက်

Tuesday, February 11, 2014

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဂျာမဏီသမ္မတ မစ္စတာ Joachim Gauck ဟာ နေပြည်တော် မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံပြီးမှာတော့ မြန်မာနိုင်ငံက ဂျမဏီ နိုင်ငံကို ပေးဆပ်ပို့ ရှိတဲ့ အကြွေးတွေထဲက ၅၀ ရာခိုင်နှုန်းကို လျှော်ပစ်လိုက်ပါပြီ။ 

 သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်တို့က ဂျာမဏီသမ္မတနှင့် ဇနီးတို့အား ကြိုဆိုနှုတ်ဆက်နေပုံ၊ ဓာတ်ပုံ- MOI

ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းမှာ ကြွေးမြီလျှော်ရေး နဲ့ပတ်သက်လို့ အခုလို ဖော်ပြထားပါတယ်။

''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ လျော့ချရေး နှင့် ချေးငွေ ပြန်လည်ပေးအပ်ချိန် ရွှေ့
ဆိုင်းရေး ဆိုင်ရာ သဘောတူညီချက်'' ကို  မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဂျာမနီနိုင်ငံ ဘက်မှ ကုန်သွယ်ရေး ဝန်ကြီးတို့က နှစ်နိုင်ငံ သမ္မတများ ရှေ့မှောက်၌ လက်မှတ်ရေး ထိုးခဲ့ကြသည်။

လက်ရှိ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံက ဂျာမဏီနိုင်ငံကို ပေးဆပ်ဖို့ အကြွေး အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံလောက် ရှိတဲ့ အနက် အခုလို ၅၀ % ကို  လျှော်ပစ်လိုက်
ပြီး မြန်မာနိုင်ငံက အသေးစားနဲ့ အလတ် စား စက်မှုလုပ်ငန်းတွေကိုလည်း အကူအညီတွေပေးသွားမယ်လို့ သိရပါတယ်။ 

သမ္မတတဦးအနေနဲ့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မစ္စတာ Joachim Gauck က ၃ ရက်တာ အလည်အပတ် ခရီးလာရောက်တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ တွင် ဂျာမနီ ယဉ်ကျေးမှုမြှင့်တင်ရေးဌာန (Goethe Institute) တခု ဖွင့်လှစ်ဖို့လည်း လုပ်ဆောင်သွားမှာဖြစ်သလို ခရီးစဉ်အတွင်း လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဖို့လည်း ရှိပါတယ်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာလည်း ဂျာမဏီသမ္မတက မိန့်ခွန်းပြောဖို့ ရှိပြီး  ဂျာမန် ကုန်သွယ်ရေးနှင့် စက်မှုကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ တက်ရောက်မှာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ဂျမဏီသမ္မတနဲ့ ဇနီးသည် ဦးဆောင်တဲ့ အဖွဲ့ဟာ ခရီးစဉ်ကို အဆုံးသတ်ပြီး
မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

အိမ့်သံစဉ် ~ 





 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved