UWSA တပ်ဖွဲ့ဝင် ၃ဝ တရုတ်ပြည်မှာ လေယာဉ်မောင်းသင်တန်းတက်မယ်

Tuesday, February 11, 2014

 ~



 -
မြန်မာပြည်ရဲ့ အကြီးဆုံး သူပုန်အဖွဲ့ဖြစ်တဲ့ UWSA က သူ့ရဲ့ တပ်ဖွဲ့ဝင် ၃ဝ ကို တရုတ်ပြည်ပို့ပြီး လေယာဉ်မောင်းသင်တန်း လွှတ်မယ့် အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်း ဧရာဝတီ ပင်မစာမျက်နှာ

http://www.irrawaddy.org/burma/wa-rebels-send-fighters-china-pilot-training-reports.html
 ရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။
UWSA ဌာနချုပ် ပန်ဆိုင်းမြို့ကို မကြာသေးခင်က ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကို ကိုးကားပြီး အဲသလို ရေးထားတာပါ။

အဲဒီ သင်တန်း အစီအစဉ်ကြောင့် သူတို့ဆီမှာ ရဟတ်ယာဉ်ရှိတယ်ဆိုတဲ့ မနှစ်ကသတင်းနဲ့ ပတ်သက်ပြီး ပြန်လည် ပြောဆိုစရာတွေ ဖြစ်လာပါပြီ။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကိုယ်စားလှယ်တယောက်က အဲဒီကို ရောက်ခဲ့စဉ် ဒီအစီအစဉ်အကြောင်း ကြားခဲ့တယ်၊  ဒီသင်တန်း ဘာကြောင့်လုပ်တယ် ဆိုတာကိုတော့ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေက ရှင်းမပြပါဘူး တဲ့။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကိုယ်စားလှယ်တဦးကလည်း အလားတူ ပြောဆိုပါတယ်။

သူတို့နှစ်ဦးစလုံးက ပန်ဆိုင်းမှာ ရဟတ်ယာဉ် နှစ်စီး ရှိတယ်လို့ ပြောကြပါတယ်။ ပြီးတော့ မြေပြင်မှ ဝေဟင်ပစ်၊  ဝေဟင်မှ ဝေဟင်ပစ် လက်နက်ကြီးတွေ ဝ တပ်ဖွဲ့မှာ ရှိတယ်၊ AK 47 အပါအ၀င် လက်နက်ပစ္စည်းများထုတ်လုပ်တဲ့ စက်ရုံလည်း ရှိတယ်လို့ သူတို့က ဆိုပါတယ်။

အသေးစိတ်၊ အပြည့်အစုံကို
Wa Rebels to Send Fighters to China for Pilot Training: Reports  ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။ လင့်က http://www.irrawaddy.org/burma/wa-rebels-send-fighters-china-pilot-training-reports.html
ဖြစ်ပါတယ်။
ဒီတော့ UWSA က   လေယာဉ်မောင်းသင်တန်း လွှတ်မယ့် အစီအစဉ်ကို ရည်ရွယ်ချက်ရှိရှိ အသံထုတ်လိုက်ပြီလို့ ဆိုနိုင်ပါတယ်။  

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved