ကိုယ့်မျက်နှာနဲ့ ဆံပင်ပုံစံကို နဂိုရှိရင်းထက် ပိုကြည့်ကောင်းသွားစေဖို့

Wednesday, February 12, 2014

 ~



  
 

အဆက်မပြတ် စီးဆင်းနေတဲ့ ခေတ်ရေစီးကြောင်းထဲမှာ ဒီနေ့ခေတ်လူငယ်တွေအတွက်တော့ ဖက်ရှင်ကဏ္ဍဟာ မပါမဖြစ်ပါပဲ။

အခုခေတ်မှာ ဖက်ရှင်လို့ဆိုလိုက်ရင် အဝတ်အစားဒီဇိုင်းတင် မကတော့ပါဘူး။ ကိုယ့်အဝတ်အစား ဒီဇိုင်းကို ပိုပြီးပေါ်လွင်စေမယ့်၊ ကိုယ့်စတိုင်လ်ကို  ပြီးပြည့်စုံစေမယ့်  Accessories တွေ  တွဲဖက်ဝတ်ဆင်ဖို့ လည်း  လိုအပ်သလို ကိုယ့်မျက်နှာနဲ့ ဆံပင်ပုံစံကို နဂိုရှိရင်းထက် ပိုကြည့်ကောင်းသွားစေဖို့ နေကာပဲဖြစ်ဖြစ်၊
ဖန်စီပဲဖြစ်ဖြစ် မျက်မှန်ကောင်းကောင်းလေး တလက်ကလည်း ရှိသင့်တာပါပဲ။

အခုခေတ်မှာ ပါဝါမျက်မှန် တပ်စရာမလိုတဲ့ လူငယ်တွေကလည်း ပါဝါမျက်မှန်ဒီဇိုင်းအတိုင်း မှန်မပါတဲ့ ကျွဲကော်ကိုင်းထူထူနဲ့ အရောင် အသွေးမျိုးစုံ ဖန်စီမျက်မှန်တွေ တပ်ဆင်ပြီး စတိုင်ထုတ်နေကြတာပါ။

ယောကျာ်းလေး၊ မိန်းကလေးမရွေး မျက်မှန်အဝိုင်း၊ လေးထောင့်၊ ဘဲဥပုံ စသဖြင့် ဒီဇိုင်းမျိုးစုံကို မှန်ဖြုတ်ပြီး စတိုင်ထုတ်နေကြတာကို နေရာမျိုးစုံမှာ
ဖက်ရှင်မျိုးစုံနဲ့ တွေ့နေရပါတယ်။

နေကာမျက်မှန်ဆိုရင်လည်း အရောင် တမျိုးတည်းမဟုတ်ဘဲ ဖန်စီကာလာ လို့ခေါ်တဲ့ အရောင် လွင်လွင်တောက်တောက်ကလေးတွေနဲ့ ဒီဇိုင်းထွင်ပြီး တပ်လာကြသလို မျက်မှန်ကိုင်းကို လည်း ရွှေအနားကွပ်နဲ့ ဒီဇိုင်းထွင်ပြီးဝတ်တာတွေ ခေတ်စားနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့နာမည်ကြီး အဆိုတော်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်အချို့ဆိုရင်  နေကာမျက်မှန်ကို နေ့ဘက် နေပူထဲမှာ တင်မကဘဲ ညပွဲ တွေမှာပါ စတိုင်တခုအနေနဲ့တပ်နေကြတာကိုလည်း တွေ့နေရတော့ ဒါဟာ International Celebrities တွေဆီကနေ ကူးစက်ရိုက်ခတ်လာတဲ့ ဖက်ရှင်ဂယက်လို့ ဆိုရမလားပါပဲ။ 

 


Cartier
ကျပ်  ၆၆,ဝဝဝ
-

အဝတ်အစားနဲ့ ဆံပင်စတိုင်က သာမန်ရိုးရိုးရှင်းရှင်း ဖြစ်နေရင်တောင် အများအမြင်မှာ လုံးဝထူးခြားစွာ ကွဲထွက်သွားစေအောင် မျက်မှန် တလက်က သင့်ဖက်ရှင်ကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။

ဒီတော့ ကိုယ့်ရဲ့ဖက်ရှင်ကိုပိုပြီး အထာကျသွားစေမယ့် မျက်မှန်ဒီဇိုင်းမျိုးစုံကို မျက်မှန်ခရေဇီ လူငယ်တွေအတွက် ဈေးနှုန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။


Versace
ကျပ်  ၄၆,၅ဝဝ

-


Louis Vuitton
ကျပ်  ၄၆,၅ဝဝ
-


Cazal
ကျပ်  ၅၂,ဝဝဝ
-
Hermess
ကျပ်  ၄၆,၅ဝဝ
-

Langren
ကျပ်  ၉,၅ဝဝ
-


ကျပ်  ၉,၅ဝဝ
-


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved