ဟံသာဝတီ နိုင်ငံတကာ လေဆိပ်စီမံကိန်း ဂျပန်နဲ့စင်ကာပူ အုပ်စုလုပ်ပိုင်ခွင့်ရ

Friday, February 7, 2014

မြန်မာနိုင်ငံ ရန်ကုန်မြို့နယ် သိပ်မဝေးတဲ့ ပဲခူးမြို့နယ်ထဲက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ် ကွင်း စီမံကိန်းမှာ ဂျပန်နဲ့ စင်ကာပူ အုပ်စုက လုပ်ပိုင်ခွင့် ရရှိသွားကြပါတယ်။ 

 ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ယခင်ပုံစံငယ်၊ ဓာတ်ပုံ- Incheon International Airport Corp

Yongnam Holdings Ltd က ပြောတာမှာတော့ မြန်မာနိုင်ငံက ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် အဓိက စင်ကာပူ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Changi Airport Planners and Engineers Pte. Ltd အပါအဝင် JGC Corp လည်း ပါဝင်လုပ် ပိုင်ခွင့် ရသွားကြတာလို့ The Japan News သတင်း ကို ပြောထားကြပါ တယ်။ 

Changi Airport Planners and Engineers Pte. Ltd ကုမ္ပဏီကတော့ ဟံသာဝတီ လေဆိပ်ကြီးအတွက် ဒီဇိုင်း၊ ဆောက် လုပ်ရေး၊ အော်ပရေးရှင်ပိုင်းနဲ့ လေဆိပ် ထိမ်းသိမ်းတဲ့ အပိုင်းတွေကို တာဝတ်ယူမှာဖြစ် တယ်လို့ ဆိုပါတယ်။ 

ဟံသာဝတီ လေဆိပ် စီမံကိန်းဟာ အမေရိကန် ဒေါ်လာ ၁ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ မနှစ်က စတင်ပြီး ဒီလေဆိပ်ကြီးအတွက် လေလံ အပြိုင်အဆိုင် ကြိုးစားကြရာမှာ တောင်ကိုရီးယား ကုမ္ပဏီကြီးတခုဖြစ်တဲ့ Incheon International Airport Corp ကို အခုလို ကျော်လွှားအနိုင်ရသွားတာ လည်းဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ 

ဒီလေဆိပ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့  တောင်ကိုရီးယား Incheon ကုမ္ပဏီ တို့ကြားမှာ လူသိရှင်ကြား 
ပြောဆိုမှုတွေက အခုတော့ အဖြေထွက်သွားတာလည်းဖြစ်ပါတယ်။

ဟံသာဝတီ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို တနှစ်မှာ ခရီးသည် ၁၂ သန်းထိ ဝန်ဆောင်မှု ပေးနိုင်ဖို့ ရည်မှန်းထားတာလည်းဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~ 




 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved