~
စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး (စရဖ)က ကျောင်းသူကျောင်းသားတချို့ကို ထောက်ပံ့ကြေးပေးပြီး သတင်းရယူနေတာရှိတယ်လို့ စစ်ထောက်လှမ်းရေးဆိုင်ရာကိစ္စတချို့ကို ဖွင့်ချနေတဲ့ မိုးဇေညိမ်းက သူ့ဖေ့စ်ဘုတ်မှာ မကြာသေးခင်က ရေးထားပါတယ်။
သူ့ facebook မှာ မကြာသေးခင်က ရေးထားတာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
.

စရဖက ငတိတချို့က စရဖအကြောင်း ဆက်မရေးဖို့ ကျွန်တော့်ကို လာပြီး ခြိမ်းခြောက်နေတယ်ဗျ။
ကြောက်တတ်ရင် ဒီလိုစာတွေ ဘယ်ရေးမလဲဗျာ။ စိန်ခေါ်မှုအတွက် ၀ဲလ်ကမ်းပါ။
ကျွန်တော်လည်း ရေးစရာရှိတာ ဆက်ရေးပါမယ်။
ဖော်ထုတ်စရာရှိတာ ဖော်ထုတ်ပါမယ်။ ခင်ဗျားတို့လည်း လုပ်စရာရှိတာ လုပ်ပေါ့ဗျာ။ ဟုတ်ဖူးလား။
လောလောဆယ်တော့ အမြည်းပေါ့ဗျာ။
စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး)က ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ထဲက အချို့ကတော့-
(၁) ၀င်းစန္ဒာ (ပထမနှစ်/၂၀၀၇၊ စီးပွားရေးတက္ကသိုလ်)
(၂) ကျော်မင်းနိုင် (ပထမနှစ်/၂၀၀၇၊ ကုန်ထုတ်ဓာတု၊ အနောက်ပိုင်း တက္ကသိုလ်) နဲ့
(၃) အောင်ရဲဦး (ဒုတိယနှစ်/၂၀၀၇၊ IC ၊ ဒဂုံတက္ကသိုလ်) - တို့ ဖြစ်ပါတယ်။
.
0 comments :
Post a Comment