မလေးဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အရ လေယာဉ်ပြန်ပေးဆွဲခံရတာ သေချာ

Saturday, March 15, 2014

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး ဂြိုလ်တုရတဲ့ အချက်အလက်တွေအရ လေယာဉ်လှုပ်ရှားမှုဟာ လေယာဉ်ပေါ်မှာပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား ဝန်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။ 

ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ မလေးရှား ဝန်ကြီးချုပ်၊ ဓာတ်ပုံ- the Straits Times

ပျောက်ဆုံးနေတဲ့ MH 370  ဘိုရင်း လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို အလုပ်မလုပ်အောင် သေချာ ပိတ်ပင်ထားတာဟာ အလွန်သေချာပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။  လေယာဉ်ပေါ်က တစုံ တယောက်ဟာ တမင်တကာ ဆက်သွယ်ရေး ခလုပ်တွေကို ပိတ်ပစ်ခဲ့တယ်လို့ သူက ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခိုင်အမာပြောတာပါ။

ဒါဟာ လေယာဉ်ပြန်ပေးဆွဲတယ်လို့ ဒီမနက်က အမည်မဖော်လိုသူ မလေးရှား အရာရှိတဦးရဲ့ ပြောဆိုချက်ကို ထပ်လောင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။ 

လေယာဉ်ဟာ မူလ လမ်းကြောင်းဖြစ်တဲ့ မလေးရှား အရှေ့ဘက်ကမ်း ပီကင်းကို ဦးတည်ခဲ့ရာက အဆက် အသွယ်ပြတ်တောက်သွားတာမို့ အခုဆို လေယာဉ်ဟာ ထိုင်းပင်လယ်ကွေ့၊ အိန္ဒိယသမုဒ္ဒရာ၊ အက်ဒမန် ပင်လယ်တွေမှာ အဓိက ထား ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ 

တောင်တရုတ်ပင်လယ်နဲ့ အရှေ့ဖက်ကမ်းမှာ ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို ရပ်ဆိုင်း လိုက်ပြီလို့လည်း မလေးရှားဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

 ဒီအပြင် အခုထိ လေယာဉ်နဲ့ပတ်သက်ပြီး ပျောက်ဆုံးနေဆဲအဖြစ်သတ်မှတ်ထားပြီး အခုအခါ လေယာဉ်ပေါ် မှာ ပါသွားတဲ့ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအပေါ် အာရုံစိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ 

လေယာဉ်ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပြီးသတင်းထောက်တွေရဲ့ မေးခွန်းမေးဖို့ အခွင့်အရေး မရခဲ့ပဲ မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲကို အဆုံးသတ်သွားပါတယ်။ 

မလေးရှား ဝန်ကြီးချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲကပြောဆိုချက်အပြည့်အစုံကို ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။



အိမ့်သံစဉ် ~ 










2 comments :

  1. Anonymous said... :

    Malaysian government is like " Hey, it has been one week and we can't still find the plane. Now, we need to say something to public. So, come on, let's the blame go to middle eastern people,.at least people will not see malaysian govt as pain in the ass " EPIC
    True that u got a point! but u don't have a proof. Even if u can't take responsible, u shouldn't blame on others

  1. minsoe said... :

    တစ်ကယ်တော့မလေးရှားစစ်သုံးရေဒါကအဲဒိနေ့ထဲကမလေးရှားအနောက်ပိုင်းဘက်မှာဖမ်းမိတယ်ဆိုတာတိတိကျကျလေယဉ်အမျိုးအစားကိုထုတ်ပြန်လိုက်ရင်ဒီလေယာဉ်ပင်လယ်ထဲပျက်ကျသို့မဟုတ်ဆင်းသွားတဲ့ကုန်းမြေတစ်နေရာကိုတိတိကျကျသိနိုင်မှာပါ။ဆက်သွယ်မူ့ပြတ်တောက်ပြီး၈နာရီလောက်လေယာဉ်မောင်းနေတယ်ဆိုတာဒီလေယာဉ်ကိုတစ်ခြားဂြိုလ်တုနဲ့ချိတ်ပြီးခြေရာကောက်ဘို့လုံလောက်တဲ့အချိန်ပါ။စစ်သုံးရေဒါဆိုတာအဓိကကရန်သူ့တိုက်လေယာဉ်ပျ့တွေကိုအဓိကထောက်လှမ်းဘို့ပါ။ဒီလိုအဆင့်မြင့်ရေဒါကအပူထုတ်လွတ်မူ့များပြီးအလွယ်တစ်ကူထောက်လှမ်းသိရှိအမျိုးအစားခွဲလို့လွယ်တဲ့ခရီးသည်တင်ဘိုရင်းဂျက်ကိုဘာအမျိုးအစားလေယာဉ်မှန်းမသိဘူးလို့ပြောထဲကတစ်ခုခုတော့လွဲနေသလိုဘဲ။ရေဒါကစစ်သုံးလို့ပြောရအောင်အဆင့်မမှီလို့လဲဖြစ်နိုင်တယ်။နိုင်ငံတကာရေကြောင်းမှာသွားနေတဲ့သင်္ဘောတွေရဲ့ရေဒါကတာင်ရှေ့ကသင်္ဘောကဘာအမျိုးအစားဆိုတာအတိအကျခွဲနိုင်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved