ကိုအောင်ဇော်ရဲ့စာအုပ်အကြောင်း ချင်းမိုင်တက္ကသိုလ်မှာ ဆွေးနွေးမယ်

Wednesday, March 19, 2014

မြန်မာ၊ ထိုင်း၊ အမေရိကန်စတဲ့ နိုင်ငံတကာမှာ ဖြန့်ချိခဲ့တဲ့ ခေတ်ပြိုင် နိုင်ငံရေး သုံးသပ်ချက်တွေနဲ့ The Face of Resistance စာအုပ် ရေးသားခဲ့ပြုစုသူ ဧရာဝတီ မဂ္ဂဇင်း တည်ထောင်သူ ကိုအောင်ဇော်ကို ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်က အဲဒီစာအုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။ 



Burma Studay Center နဲ့ RCSD/ Faculty of Social Science တို့ ပူးပေါင်း စီစဉ်တဲ့ ဆွေးနွေးပွဲကိုတော့ မနက်ဖြန် မတ်လ ၂၀ ရက်၊ ကြာသပတေးနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ချင်းမိုင် တက္ကသိုလ် အတွင်းက Faculty of Social Sciences အဆောက်အဦ၊ အခန်းနံပတ် ၄၁၀၇ မှာ ကျင်းပမှာ
ဖြစ်ပါတယ်။  

ချင်းမိုင်တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ အခြား မြန်မာ့အရေးစိတ်ဝင်စား သူ၊ အဲဒီ စာအုပ်ဖတ်ပြီးသူတွေအနေနဲ့ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော်ကို စာအုပ်နဲ့ ပတ်သက်တဲ့ ရေးသားချက်တွေအပေါ် အပြန်အလှန် ဆွေးနွေးဖလှယ်ကြမှာပါ။ 

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ အစပျိုး ၁၉၈၈ ခုနှစ်မှ ယခုထိ နှစ်ပေါင်း၂၅ နှစ်ကျော်အတွင်း နိုင်ငံရေး ဇာတ်ခုံ ပေါ်က လူပုဂ္ဂိုလ်တွေနဲ့ ဖြစ်ရပ်တွေ အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ကိုအောင်ဇော် ပထမဆုံး ရေး သား တင်ပြထားတဲ့ The Face of Resistance: Aung San Suu Kyi and Burma’s Fight for Freedom အမည်ရ စာအုပ်နဲ့ပတ်သက်တဲ့ ဆွေးနွေးဖလှယ်ပွဲဖြစ်ပါတယ်။ 

တကယ်တော့ ဒီစာအုပ်ဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ရည်စူးထားတာဖြစ်ပြီး ကိုအောင်ဇော် က သူ့ရဲ့ နှစ်ပေါင်း ၂၀ ကျော် သတင်းသမားဘ၀ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ 
ရေးသားထားတာပါ။ 

ကိုအောင်ဇော်ရဲ့ စာအုပ်ကို ဖတ်ပြီး ချင်းမိုင်တက္ကသိုလ်က နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေ အပါအ၀င် မြန်မာ့အရေး စိတ်ဝင်စားသူတွေကတော့ သူရေးသားထားချက်တွေအပါ် ဆွေးနွေးဖလှယ်ဖို့ စိတ်လှုပ်ရှားစွာ နဲ့ စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။ 


လင်းသန့် ~ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved