ဆယ်တန်းမဖြေဘဲ ဆရာမကိုခိုးပြေးတဲ့ ၁၆ နှစ်သား

Friday, March 14, 2014

~




ရန်ကုန်မြို့ရဲ့ နာမည်ကျော် ဒဂုံ အထက ၁  ကျောင်းက ကျောင်းသားတဦးက စာမေးပွဲဖြေဖို့ရက်ပိုင်းအလိုမှာ ရန်ကုန်တက္ကသိုလ်က လက်ထောက်ကတိထ တဦးကို ခိုးယူသွားတယ်ဆိုတဲ့အကြောင်း ဒီကနေ့ထုတ် 7Day သတင်းစာမှာ မျက်နှာဖုံးသတင်းအဖြစ် တွေ့ရပါလိမ့်မယ်။
 .
 

 
ဂရပ်ဖစ် - http://wide-wallpapers.net


သူက ၁၆ နှစ်မပြည့်သေး၊ ဆရာမက ၄၁ နှစ်။ ပြီးတော့ သူက  ဆရာမရဲ့မိဘတွေကို မစိုးရိမ်ကြဖို့ မန္တလေးကနေ ဖုန်းဆက် အကြောင်းကြားတယ်၊ ဆရာမရဲ့မိဘတွေက ဒီကျောင်းသားကို အမှုဖွင့်ထားတယ်လို့ သတင်းထဲမှာ တွေ့ရပါတယ်။

တကယ့်ဖြစ်ရပ်မှန်က ဘယ်လိုဖြစ်နေမလဲ?
သူတို့နှစ်ယောက် မန္တလေးမှာ တကယ် ရှိနေသလား?
သူက ဆရာမ သဘောမတူဘဲ ခိုးပြေးတာလား?
နှစ်ဦးသဘောတူ ထွက်ပြေးကြတာလား?

စသဖြင့် စသဖြင့်သော မေးခွန်းတွေ ထွက်လာပါတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတပုဒ်ဖြစ်တဲ့အတွက် ဧရာဝတီဘလော့ http://blog.irrawaddy.org ဖတ်တဲ့ ပရိသတ်များအတွက် ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။
သတင်းထဲမှာ ရှေ့နေ ၂ ဦးရဲ့ အမြင်တွေကိုလည်း ရေးထားပါတယ်။

၁၆ နှစ် မပြည့်သေးသူကို ဒီအမှုနဲ့ စွဲလို့ ရသလား?
ကြေအေး ပြေလည်မှု ရသွားနိုင်သလား?
ဒီဖြစ်ရပ်မတိုင်ခင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုအခြေအနေ ရှိသလဲ?
ဆိုတာတွေကလည်း မေးစရာပါ။
နောက်ဆက်တွဲသတင်း မကြာခင် ဖတ်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 သူငယ်ချင်းတွေ ဆယ်တန်းစာမေးပွဲနဲ့ နပမ်းလုံးနေချိန်မှာ ဒီသတင်း ထွက်လာတာပါ။
စာမေးပွဲက မကြာခင် ရက်ပိုင်းအတွင်း ပြီးပါတော့မယ်။

သူက စာမေးပွဲလိုပဲ ဘ၀အတွက် အရေးကြီးတဲ့ ကဏ္ဍတခုကို ဖွင့်လိုက်ပါပြီ။ စာမေးပွဲကိုတော့ လာမယ့်နှစ်ဒီအချိန်မှ ဖြေမယ်လို့ ယူဆရပါတယ်။

ဒီနေ့ထုတ် မော်ဒန်သတင်းဂျာနယ် စာမျက်နှာ ၂၃ မှာလည်း ဒီလို အကြောင်းအရာနဲ့ ဆက်စပ်တာတခု ပါဝင်ပါတယ်။ စာရေးဆရာ ညီစေမင်းနဲ့ အင်တာဗျူးတခုမှာပါ။ သူ ရန်ကုန်မှာနေတဲ့ (၁၉၈ဝ ဝန်းကျင်) ကာလမှာ သူတပည့် ၉ တန်းကျောင်းသားအကြောင်း နည်းနည်း ရှင်းပြထားတာပါ။ အဲဒီကောင်လေးက
တက္ကသိုလ်ဆရာမနဲ့ငြိစွန်းပြီး ထွက်ပြေးကြတယ်၊ YMCA ဘက်မှာ တိုက်ခန်းငှားနေတယ်လို့ ဆိုပါတယ်။

အဲသလို ထွက်ပြေးသွားတော့ ဆရာမ မွေးစားထားတယ်ဆိုတဲ့ ကောင်လေးတယောက် အသည်းကွဲပြီး ကျန်ခဲ့တယ်လို့ ဆိုတယ်။

ဆရာမ ၉ တန်းကျောင်းသားနဲ့ထွက်ပြေးပြီး YMCA ဘက်မှာ တိုက်ခန်းငှားနေရာမှာ အိမ်နီးချင်းအသစ်တွေကို အသံလွှင့်ထားတာကတော့ ဒါ သူ့တူလေးပါ တဲ့။

လက်မထပ်ဘဲ အတူနေတယ်ဆိုတော့လည်း ဆရာမ အဲသလိုပဲ ဖြေရှင်းရမှာပေါ့လို့ ပြောရမယ် ထင်ပါတယ်။
 

.

4 comments :

  1. နီနီ said... :

    နတ်​သျှင်​​နောင်​နဲ့ ဓာတုကလျာ ​တောင်​၁၉နှစ်​ပဲကွာတာ

  1. minsoe said... :

    မလေးရှားလေယာဉ်ပျက်ကိစွမှာစိတ်တွေစီးမျောနေတဲ့စာဖတ်ပရိသတ်ကြီးအတွက်ဒီသတင်းလေးဟာမဆန်းပေမဲ့ထူးခြားမူ့ရှိပြီးရယ်။ပြုံးဆိုတဲ့ရသလေးပေးမဲ့သတင်းလေးပါ။မဆန်းဘူးဆိုတာကအချစ်ဆိုတာအက်အရွယ်မရွေးမှာရှိတယ်ဆိုတဲ့စကားကြောင့်ပါ။ထူးတယ်ဆိုတာကယောက်ျားအသက်ကြီးကြီးနဲ့မိန်းမအသက်ငယ်ယူတာသာအတွေ့များပေမဲ့ယောက်ျားအသက်ငယ်ငယ်နဲ့မိန်းမအသက်ကြီးကြီး၂၆နှစ်တောင်ကွာပြီးယူတာရှားလွန်းလို့ပါ။ကထိကမမကြီးရဲ့အသက်၄၁နှစ်ရဲ့မိဘတွေက၁၆နှစ်သား(အသက်ငယ်ပေမဲ့အဆိပ်ပျင်းပုံရ) ကောင်လေးကိုဟိုတိုင်ဒီတိုင်နဲ့တရားစွဲမယ်ဆိုလျင်သူတို့ဘဲတစ်ရှက်ကနှစ်ရှက်ဖြစ်မဲ့သဘောရှိပါတယ်။ကောင်လေးမချသွားတဲ့မမကြီးကတောမှာမွေး၊တောမကြီးပြီးဘာအသက်၄၀ကျော်ပေမဲ့ဘာဗဟုသုတမှမရှိလို့သွေးဆောင်ဖျားယောင်းခံရတယ်ဆိုလျင်နဲနဲကြားကောင်းပါသည်။ခုကအသက်၄၀ကျော်တဲ့အပြင်သူတကာထက်ပိုအသိပညာကြွယ်သောကထိကအဆင့်ကို၁၆နှစ်သားကသွေးဆောင်ဖျားယောင်းသည်ဟုမိမိမထင်ပါ။အချစ်ဟုသာထင်ပါသည်။

  1. minsoe said... :

    သင်္ချာကိန်းဂဏန်းအ၇ပြောရင်တော့ကောင်လေး၂၀ကျော်မှာမမကြီးက၅၀ကျော်၊၃၀မှာ၆၀ကျော်ဆိုတော့ကောင်လေးရဲ့ရွှေရောင်ကာလတွေဟာအင်မတန်နဲပြီး၊ရေရှည်ဒီအိမ်ထောင်မြဲမမြဲဆိုတာကောင်လေးပေါ်ဘဲမူတည်သွားမဲ့သဘောပါ။မြန်မာပြည်မှာကတော့အမျိုးသမီးများ၄၀ကျော်သွားရင်ပြောနေကြစကားတစ်ခွန်းတော့ကြားဘူးတယ်။ဘုရားတစ်ရားဘက်ဘက်နဲ့စီးပွားရေးစိတ်ဘဲရှိတော့တယ်၊ဟိုစိတ်တွေမရှိတော့ဘူးလို့ပြောကြတယ်။ကောင်းပါတယ်။ဘုရားတစ်ရားနဲ့စီးပွားရေးစိတ်မွေးတာ။ဒါပေဲ့၄၀ကျော်မှ၁၆နှစ်နဲ့အိမ်ထောင်ကြတဲ့မမကြီးကတော့သူများတွေလုပ်သလိုယောရောယောင်လိုက်လုပ်လို့မရဘူး၊မိမိ၅၀ကျော်မှာ၂၀ကျော်သာရှိမဲ့ကောင်လေးကိုပြုစုဘို့သူ့မှာတာဝန်ကြီးတစ်ရပ်သူ့မှာရှိနေတယ်။မြန်မာပြည်မှာကလဲ၅၀ကျော်ဆိုတော်တော်များများကအလှအပကိုသိပ်မထိန်းတော့ဘဲပုံပျက်ပန်းပျက်တွေဖြစ်သွားတာများတယ်။မမကြီးကတော့အဲဒီလိုလုပ်လို့မရဘူး။အလှအပကိုလဲထိန်း၊စိတ်ကိုလဲကောင်လေးအသက်လိုသဘောထားပြီးတွေးခေါ်နိုင်မှအိမ်ထောင်ရေးကမြဲမှာပါ။မိမိတွေ့ဘူးတာကတော့အဲဒိလိုမျိုးမလုပ်တဲ့အတွက်မမြဲတာများတယ်။တစ်ချို့နိုင်ငံမှာတော့တော်တော်များများက၅၀ကျော်၊၆၀ပေမဲ့အားကစားလိုက်စားတော့ဖြူဖြူဖွေးဖွေး၊တစ်တစ်ရစ်ရစ်နဲ့ချစ်စရာကောင်းတုန်းဘဲ။ကောင်လေးအနေနဲ့မမကြီးအရွယ်ကျသွားရင်တောင်သရက်သီးကအမှည့်လွန်လေ၊ချိုလေဆိုတဲ့စိတ်နှလုံးမူပြီးမဖေါက်ပြန်ဘဲသာယာတဲ့အိမ်ထောင်ရေးဘ၀ကိုထိန်းသိန်းသွားပါစေလို့မျော်လျင့်ပါတယ်။ဘာဘဖြစ်ဖြစ်ဒီလင်မယားသာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးဘ၀ဖြစ်ပါစေလို့ဧရာဝတီစာမျက်နှာကဆုတောင်းပေးလိုက်တယ်။

  1. တက္ကသိုလ် ဆရာမ တစ်ယောက် အနေ နဲ. အိမ်ထောင်မပြုချင်သေးလို. ဒီ အရွယ် အထိ နေပြီမှ သက်တူရွယ် တူနဲ. ခိုးပြေးတယ် ဆိုရင်တောင် ရှက်စရာပါ။ သူ ၁၀ နှစ်ကျော် ထိန်း လာ တဲ့ ဂုဏ်သိက္ခာတွေ အကုန်ကျဆင်းပါတယ်။ မိဘတွေလည်း ပိုပြီး အရှက် ရစေမှာပါ။ ပြီးတော့ ကျောင်းသား နဲ.ကျောင်းသားမိဘ ကိုလည်း ငဲ့တွက်သင့်ပါတယ်။ တကယ်ဆိုရင် စာမေးပွဲပြီးမှ အေးအေး ဆေးဆေး ဆက်တိုင်ပင်လို.ရနိုင်တာပဲလေ။ အခုကိစ္စမှာ အသိဥာဏ် နုနယ်သေးတဲ့ မိုက်ရူးရဲ ကျောင်းသားမှာ အပြစ်မရှိဘူး။ အချစ် ကိုဦးစားပေးတယ် ခံစားတတ်တဲ့ အရွယ်နဲ. စဉ်စားဆင်ချင် ပြီး အချစ်ကို လက်ခံသင့် တဲ့အရွယ်မှာ သူ ကောင်းကောင်း မထိန်လိုက်နိုင်တာပါဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved