ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး အသစ် တဦးကို ခန့်အပ်ဖို့ လျာထား လိုက်ပါပြီ။ သူကတော့ တောင်ကိုရီးယား သမ္မတနိုင်ငံက အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ယန်ဂီ လီး ( Ms. Yanghee Lee) ဖြစ်ပါတယ်။
မစ္စ ယန်ဂီလီး၊ ဓာတ်ပုံ- UN
မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို လာသွားတဲ့ မစ္စတာ သောမတ်အိုဟေး ကင်တာနာ နေရာမှာ မြန်မာနိုင်ငံ က လူ့အခွင့် အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးမှူးအဖြစ် သူ့ကို အခုလို အစားထိုးဖို့ လျာထား လိုက်တာဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဥက္ကဋ္ဌ Baudelaire Ndong Ella က ဒီသတင်းပတ်မှာပဲ မစ္စ ယန်ဂီလီး ကို မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူးအဖြစ် ခန့်အပ်ဖို့ ကြေညာချက်ထွက်ခဲ့တာပါ။
ဒါပေမယ့် မစ္စ ယန်ဂီလီးအနေနဲ့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာတော့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပမယ့် အစည်းအဝေး ကနေ ကန့် ကွက်သူ မရှိဘူးဆိုရင်တော့ သူ့ကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး အဖြစ် အတည် ပြုပြီး တရာဝင် ရာထူးတာဝန် ပေးအပ် မှာဖြစ်ပါတယ်။
မစ္စ ယန်ဂီလီးဟာ အမေရိကန်ပြည်ထောင်စုမှာ ပါရဂူ ( Ph.D) ရယူထားပြီးသူဖြစ်ပြီး ကမ္ဘာ့ ကုလ သမဂ္ဂရဲ့ ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ အဖွဲ့ဝင်အဖြစ် ၂ဝဝ၃ ခုနှစ်ကတည်းက တာဝန်ယူနေရင်း ၂၀၀၇ ခုနှစ် ကတည်းက စတင်ပြီး ၂၀၁၁ ခုနှစ်ထိ အဆိုပါ ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေ ခဲ့သူလည်းဖြစ်ပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment