အကြိုက်ဆုံးကတော့ ရိုမီရိုနဲ့ ဂျူးလိယက်

Monday, March 31, 2014


~



ကျနော့် ဝါသနာကတော့ ဖုန်း Technician တယောက် ဖြစ်ချင်တာပါ။
 လောလောဆယ် ရန်ကုန်မှာ ဖုန်းနည်းပညာနဲ့ ပတ်သက်ပြီး သင်တန်းတက်တာတွေ၊ ကိုယ်တိုင် Self-study လုပ်ပြီး လေ့လာတာတွေ လုပ်နေပါတယ်။

 


အောင်ပိုင်ဦး၊
၂၂ နှစ်၊
အဝေးသင် ဒုတိယနှစ်၊ ပထ၀ီ၊
ရတနာပုံတက္ကသိုလ်၊ မန္တလေး

လက်ရှိစမ်းချောင်းမှာ Scorpion Mobile Technology မှာ ဖုန်းသင်တန်း တက်နေတယ်။
အင်တာနက်မှာလည်း ဖုန်းနည်းပညာနဲ့ ပတ်သက်တာ တွေကို လေ့လာသင့်သလောက် လေ့လာနေတယ်။
ကျနော် လေ့လာနေတဲ့အပိုင်းကတော့ ဖုန်းဆော့ဖ်ဝဲအပိုင်းပါ။
အနာဂတ်မှာတော့ ကျွမ်းကျင်တဲ့ ဖုန်း Technician တယောက်၊ Developer တယောက် ဖြစ်ချင်ပါတယ်။

အားတဲ့အချိန်တော့ သီချင်းနားထောင်တယ်။ တခါတလေတော့ တယောက်တည်း သီချင်းတွေဘာတွေဆိုဖြစ်တယ်။
ကျနော် ကြိုက်တဲ့ ဂီတအမျိုးအစားကတော့ Hip Hop နဲ့ R & B ပါ။ လောလောဆယ် အဆိုတော် ဘန်နီဖြိုးရဲ့ “လူပျိုလှည့်တေး” ဆိုတဲ့ အယ်လ်ဘမ်ကို နားထောင်ဖြစ်တယ်။
ကျနော်ကြိုက်တဲ့ အဆိုတော်တွေကတော့ နိုင်ငံခြားမှာဆိုရင် Justin Bieber ၊ မြန်မာအဆိုတော် တွေထဲမှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရဲရင့်အောင်ပါ။

စာအုပ်ဖတ်ရတာလည်း ဝါသနာပါပါတယ်။ ဗဟုသုတရတဲ့ စာအုပ်မျိုးတွေ၊ ပြီးတော့ ဖြစ်ရပ်ဆန်းကြယ် စာအုပ်မျိုးတွေ ဖတ်တယ်။

ရုပ်ရှင်ကြည့်ရတာ တော်တော်ဝါသနာပါတယ်  ပြောရမယ်။  ရုပ်ရှင် ဝါသနာအိုးပေါ့။ အက်ရှင်ကားတွေ၊ စုံထောက်ကားတွေနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားမျိုးတွေ ကြည့်ရတာ ကြိုက်တယ်။
 မြန်မာဇာတ်ကား တွေကိုတော့ ရံဖန်ရံခါမှပဲ ကြည့်ဖြစ်ပါတယ်။
လတ်တလော ကြည့်ဖြစ်ထားတဲ့ ကားကတော့ ဟောလိဝုဒ်ကားတော့ မဟုတ်ဘူး၊
 ဒါပေမယ့် အခု တလော နာမည်ကြီးနေတဲ့ The Monkey Kingဆိုတဲ့ 3D ရုပ်ရှင်ကားသွားကြည့်ထားတယ်။
ကျနော်ကြည့်ဖူးသမျှ အင်္ဂလိပ် ရုပ်ရှင်ဇာတ်ကားထဲမှာ အကြိုက်ဆုံးကတော့ Romeo and Juliet ပါ။

Facebook သုံးတဲ့အခါ အဓိကကတော့ သတင်းဖတ်ဖြစ်တယ်။ Newsfeed မှာတက်လာတဲ့ Hot ဖြစ်နေတဲ့ သတင်းတွေ ဖတ်ဖြစ်တယ်။
သူငယ်ချင်းတွေနဲ့ Chat ဖြစ်တယ်။ ဒီလောက် ပါပဲ။

 



ဒီနှစ်နွေရာသီတော့ ရန်ကုန်မှာပဲ သင်တန်းတွေ တက်ဖြစ် မယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့စုပြီး ချောင်းသာဘက်ကို Trip လေးတခု ထွက်ဖြစ်မယ်။

ဒီနှစ် Valentine’s Day တုန်းကတော့ တယောက်တည်းပါပဲ။
ကောင်မလေးက အဝေးမှာ ပညာသင်နေရတာဆိုတော့ ကျနော့်အတွက် ဘန်နီဖြိုးသီချင်းလိုပဲ တကိုယ်တော် ဗယ်လင်တိုင်းပဲပေါ့။

  -
 
သီဟတိုး ရေးသားသည် 

 -
(မတ်လ ၂ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်မှာ ပါဝင်တဲ့ လူငယ်နဲ့ ခေတ်ရေစီးကဏ္ဍကနေ ကူးယူ ဖော်ပြပါတယ်)

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ြွကမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။

လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲအတက်အကျတွေ တပါတည်းပါလာတတ်စမြဲ ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့ အသံတွေကို The Irrawaddy ဂျာနယ်က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved